အပိုင်း ~ 26

181 19 6
                                    

Unicode ver....

ရှောင်းကျန့်တို့ ထွက်သွားတာ ကြာနေပြီဆိုပေမဲ့ ပြန်လာမဲ့အရိပ်အယောင်တောင် မတွေ့ရတာကြောင့် ဝမ်တစ်ယောက် စိတ်ပူလာရလေသည်။
လူကသာ လူနာတွေကို လိုက်ကြည့်နေပေမဲ့ စိတ်အစုံတို့က သားသားမျက်နှာကိုပဲ မြင်ရတာကြောင့် စိတ်မငြိမ်နိုင်တော့တဲ့ ဝမ်က~~~~

"မဖြစ်ဘူး~~~ငါသွားကြည့်ရမယ်"

ဝမ်ကလူနာဆောင်ကနေ ထွက်ခွာမယ်လုပ်တော့ သူ့အင်္ကျီလက်က တင်းသွားတာကြောင့် ကြည့်လိုက်တော့ ချန်ယွဲ့က မျက်နှာငယ်လေးနဲ့ သူ့ကိုမော့ကြည့်ပြီး သူမရဲ့ လက်တွေကတော့ ဝမ်ရဲ့ အင်္ကျီစကို ဆွဲဆုပ်ထားလေသည်။

"ကိုကိုကြီး သမီးလိုက်လို့ရမလားဟင်။ သမီးကိုကိုဖေးလျိုကို စိတ်ပူလို့ပါ။"

ဖေးလျိုက သူ့ကိုသဘောမကျမှန်းသိရက်နဲ့ ဖေးလျိုကိုပဲ အတင်းကာရော ရင်းနှီးချင်နေတဲ့ ခလေးမလေးကို ကြည့်ပြီး ဝမ်မှာ ခေါင်းခါနေရလေသည်။ အခြေအနေက ဘယ်လိုလာမလဲ မသိတာမို့ ဝမ်က သူမကို ခေါ်သွားဖို့ရာ မဖြစ်ကြောင်း အလိုလို ခံစားနေရလေသည်။

"မဖြစ်ဘူး ယွဲ့အာရဲ့ ယွဲ့အာက ခုမှ နေကောင်းတာလေ။ လျှောက်သွားဖို့ မသင့်တော်သေးဘူး။"

"ဒါပေမဲ့~~~~"

သူချော့​ပြောနေတာတောင် ခေါင်းမာချင်သေးပုံပေါ်နေတဲ့ ချန်ယွဲ့ကြောင့် ဝမ်က~~~~

"ယွဲ့အာက လိမ္မာပါတယ်။ ကိုကိုကြီးကို ဒီမှာစောင့်နေနော်။ ကိုကိုကြီးက ကိုကိုဖေးလျိုကို သွားရှာမယ်နော်"

"~~~~ဟုတ်~~~ဒါဆို ကိုကိုကြီး မြန်မြန်ပြန်လာနော်"

"ဟုတ်ပြီ"

ဝမ်ကထိုသို့ပြောပြီးတာနဲ့ အလျင်အမြန်ပဲ ရှောင်းနဲ့ အားဖေးကို ထွက်ရှာလိုက်လေသည်။

ဝမ်ကိုယ်ရံတော်တွေကို မေးကြည့်တော့ ရှောင်းနဲ့ အားဖေးက လေ့ကျင့်ကွင်းမှာဆိုတာကြောင့်

"ဘယ်မှာ သွားတာ~~~ရွာငယ်လေးမှာ ဘယ်လိုလေ့ကျင့်ရေးကွင်းရှိနေတာား  ဝမ်က အမြန်သွားလိုက်ပေမဲ့ အသွားလမ်းမှာတင် အိပ်ပျော်နေပုံရတဲ့ အားဖေးကို ချီပွေ့လာတဲ့ ရှောင်းနဲ့ဆုံလေသည်။

My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)Where stories live. Discover now