Unicode Ver......
ဖေးလျို နန်းတော်ထဲ ရောက်ကတည်းက ဖေးလျိုကော ရှောင်းအရှင်ကပါ အခန်းထဲကနေ ထွက်မလာတာကြောင့် အားလုံးက စိတ်ပူနေရလေသည်။
"ဧကရာဇ်က ဘယ်သူ့ကိုမှ မတွေ့လိုကြောင်း အားလုံးကို ပြောခိုင်းလိုက်ပါတယ်" ဆိုတဲ့ လျိုကုန်းကုန်းရဲ့ စကားကြောင့် အားလုံးက အခြေအနေကို မသိနိုင်ပဲ ဖြစ်သွားရလေသည်။
ထိုသို့လုပ်ရင်းနဲ့ သုံးရက်မြောက်နေ့မှာတော့ မသင်္ကာသလို ရှိလာတဲ့ တော်ဝင်မိသားစုက အတင်းဝင်ဖို့ လုပ်ချိန်မှာပဲ ဟော့စစ်သူကြီးက မင်းနေပြည်တော်ဆီ ပြန်ရောက်လာတာကြောင့် အခြေအနေက တစ်ဖန် ငြိမ်သွားပြန်လေသည်။
စစ်သူကြီးက ဘုရင့်နန်းဆောင်ထဲကို နေ့တိုင်းဝင်ခွင့်ရတာကြောင့် ဧကရာဇ်ရဲ့ သတင်းကို သူကနေပြီး နေ့တိုင်း ပြန်ပြောပြတာကြောင့် ကြင်ယာတော် သေဆုံးမှုကြောင့် ဝမ်းနည်းနေတဲ့ ရှောင်းအရှင်ကို ဘယ်သူမှ ဝင်မရှုပ်တော့ပေ။
ဒါက တော်ဝင််မိသားစုတွေ သိထားတဲ့ရှောင်းအရှင်ရဲ့ အခြေအနေဆိုပေမဲ့ တကယ်စင်စစ်မှာတော့~~~
"ဒါဆို သားသားပြောချင်တာက သားသားနဲ့ အရှင်က နန်းတော်ထဲကနေ ခိုးထွက်လာပြီး ကြိုတင်စောင့်ခိုင်းထားတဲ့ ဟော့တပ်သားတွေကို လမ်းမှာဆုံပြီးအတူတူ လာတယ်ပေါ့ "
"ဟုတ်တယ် ပါပါး အရမ်းတော်"
သူမှန်းလို့မှန်သွားတာကြောင့် သားသားက လက်မလေးတစ်ထောင်ထောင်နဲ့ ချီကျူးလေသည်။
သူနဲ့မလှမ်းမကမ်းမှာ ဖြာခင်းပြီး စကားလေးတပြောပြောနဲ့ မုန့်ထိုင်စားနေတဲ့ ဝမ်နဲ့သားသားကိုကြည့်ပြီး သိုးသားကင်နေတဲ့ ရှောင်းက ခေါင်းလေးခါပြီး ပြုံးလေသည်။
ပြည်သူတွေကို တစ်နေကုန်တစ်နေခမ်းကူညီထားတာမို့ အနားယူခါနီးမှာမှ သိုးသားကင်လေးစားချင်တယ် ဆိုတဲ့ သားသားကြောင့် ရှောင်းက ထိုခလေးနှစ်ယောက်ကို ခေါ်ပြီး ကြယ်စုတွေကောင်းကောင်းမြင်နိုင်တဲ့ ကျောက်ဆောင်ကျယ်ကြီးတစ်ခုဆီမှာ ခေါ်လာရခြင်းဖြစ်သည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။