Unicode ver....
အပိုင်း ~ ၂၀
ရှောင်ပိုင်ရဲ့ မြေဘုံလေးဘေးမှာ ဒူးထောက်ထိုင်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဟော့ဝူရှန်း စိတ်မကောင်း ဖြစ်နေရလေသည်။ ရှောင်ပိုင်က မြေခွေးတစ်ကောင်ဆိုပေမဲ့ ပေါက်စအရွယ်ကတည်းက လူတွေနဲ့ နေလာတာမို့ ရှောင်ပိုင်လေးက လိမ္မာသည်။ အခုတော့ မဓမ္မာသူရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီမဟုတ်ပေလား။
"မကာကွယ်ပေးနိုင်ခဲ့လို့ ကိုကိုတောင်းပန်ပါတယ် ရှောင်ပိုင်"
ငိုချင်နေပေမဲ့ အတင်းထိန်းထားဟန် ရနေတဲ့ သားဖြစ်သူကြောင့် ဟော့စစ်သူကြီးက သူ့ကိုပွေ့ယူလိုက်ပြီး~~~~
"သားလေး ခမည်းတော်ရှေ့မှာ ငိုလို့ရပါတယ်ကွာ။ သားအချိန်တိုင်း သန်မာနေစရာမလိုပါဘူး"
"အင့်!! ခမည်းတော် အီးဟီး!!! ရှောင်ပိုင်က အရမ်းလိမ္မာတာကို~~~~သူက ငယ်ငယ်လေးပဲ ရှိသေးတာ!!! သားတောင် သူဆော့ဖို့ ကစားစရာလေး ဝယ်ထားတာ သူဆော့တောင်မသွားရဘူး!!! ရှောင်ပိုင်မရှိတော့ဘူး~~~~"
ဖခင်ဖြစ်သူရဲ့ ရင်ဘတ်မှာ မျက်နှာ အပ်လို့ အသဲအသန် ငိုကြွေးနေတဲ့ ဖေးလျိုကို စစ်သူကြီးကိုယ်ရံတော်နဲ့ စစ်သားအချို့က အဝေးကနေကြည့်ပြီး ခလေးလေးကို သနားနေကြလေသည်။
ဖေးလျိုက သန်မာတဲ့ခလေးဖြစ်သည်။ သူ့မိဘတွေနဲ့အတူ တိုက်ပွဲဝင်ထားဖူးတဲ့ ခလေးလေး။ ဒါပေမဲ့ သူ့မှာလည်း အားနည်းချက်ဆိုတာ ရှိသေးတယ်မဟုတ်ပေလား။
အငိုလွန်ပြီး အိပ်ပျော်သွားသူက ဖေးလျိုဆိုပေမဲ့ အတွေးလွန်ပြီး မအိပ်နိုင်တဲ့သူကတော့ စစ်သူကြီးသာ ဖြစ်သည်။ သားဖြစ်သူ အိပ်မပျော်ခင် ပြောသွားတဲ့ "ရှောင်ပိုင်သေရတာ သားကြောင့်" "သား မင်းနေပြည်တော်ကို မပြန်ချင်တော့ဘူး မုန်းတယ်" ဆိုတဲ့ စကားတွေကြောင့်သာ ဖြစ်သည်။
~~~~~~
ဖေးလျို ပြန်မလာတော့တာကြောင့် နောက်ထပ်ရက်အနည်းငယ်မှာပဲ ဟွမ်ကျိုးကို ပြန်သွားတဲ့ ဟော့မိသားစုကြောင့် ကြင်ယာတော်လေးခင်မျာ မှိုင်တွေတွေ ဖြစ်နေလေသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanficဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။