Unicode ver.....
ဝမ်တစ်ယောက် ထမင်းဟင်းတွေ ပြင်ဆင်ပြီးစီးလို့ ဘုရင့်နန်းဆောင်ဆီရောက်လာတော့မှ ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ ဖေးလျိုကို ယပ်တောင်လေးနဲ့ ယပ်ခတ်ပေးနေတဲ့ ရှင်ဘုရင်ကြီးရဲ့ ပုံရိပ်က ဆီးကြိုနေလေသည်။
မပြုံးပဲ မနေနိုင်တော့တဲ့ ဝမ်ကလေးက ပါးမို့ကလေးဖောင်းလာသည်ထိကို ပြုံးမိသွားလေတော့သည်။
ဖေးလျိုတစ်ယောက်ပဲ ရှိမယ်ထင်တယ် ရှင်ဘုရင်ကို ခိုင်းစားနေတာကိုလေ။
အထဲကို ဝင်လာပြီး သူ့ကိုတော့ ဘာမှမပြောပေမဲ့ သူပြင်ဆင်စရာရှိတာလေးကို ပြုံးပြုံးလေးနဲ့ ပြင်ဆင်နေတဲ့ ဝမ်ကလေးကို ရှောင်းက လှည့်ကြည့်ပြီး သဘောတကျနဲ့ ပြုံးနေလေသည်။
ရင်ထဲမှာတော့ ကြည်နူးမှုတွေ တရိပ်ရိပ်နဲ့ပေါ့။
"အရှင် အရင်လာသုံးဆောင်လေ အဆိုးလေးကို ကျွန်တော် ကြည့်ထားပေးမယ်"
ဝမ်က ထိုသို့ပြောတော့မှ ရှောင်းက ခေါင်းလေးတစ်ချက်ခါရင်း ဖေးလျိုရဲ့ ပါးဖောင်းလေးကို ခပ်ဖွဖွလေး တစ်ချက်ဆွဲညစ်ပြီး~~~
"မလိုပါဘူး သူအိပ်ပါစေ။ မင်းကတော့ ကိုယ်နဲ့စားရမယ်"
"ဒါပေမဲ့လေအရှင် ~~~"
"ဘာဒါပေမဲ့မှ မလုပ်ဘူးနော်ဝမ် ကိုယ်က မင်းနဲ့ စားချင်လို့ပါဆိုနေ လာပါ"
သူဆွဲခေါ်တော့မှ ဖေးလျိုနား ကပ်ဖို့ ကြံနေတဲ့ အဆိုးလေးက သူနဲ့ ဘာလာတာကြောင့် ရှောင်းမှာ ပြုံးပြုံးနဲ့သာ ခေါင်းခါနေရလေသည်။
တစ်ခါတစ်လေတော့လည်း ရှင်ဘုရင်ဖြစ်တဲ့သူ့မှာ ခလေးလေးတစ်ယောက်ကို မနာလို ဖြစ်နေရတဲ့ အဖြစ်ကို ဘယ်သူမှတော့ သိမယ် မထင်ပေ။ သိများသိသွားရင်တော့ သူ့ကို လှောင်ရယ်နေကြမလား။
မနာလိုချင်စရာပဲမလား ကိုယ့်ရဲ့ ချစ်သူလေးက ထိုခလေးကို ကိုယ့်ထက် ပိုခင်တွယ်နေတာလေ။
"ကြည့်လို့ဝရင်လည်း စားတော့ဗျာ။"
မျက်နှာ နီနီလေးနဲ့ ဟင်းခတ်ပေးလာသူကြောင့် ရှောင်းမှာ ရှက်ရှက်နဲ့သာ ထမင်းကို ကောက်စားလိုက်ရလေသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။