Unicode Ver....
ထိုနေ့က ကိစ္စဖြစ်ပြီးတဲ့နောက်မှာ ဝမ်နဲ့သားသားဟာ အချင်းချင်းတွေ့ရခွင့် ၁ပတ် ပိတ်ခံလိုက်ရလေသည်။ သူတို့အတူတူရှိတိုင်း ပျောက်သွားလိုက် မဟုတ်ရင် အတူတူဆွေးနွေးပြီး လက်နက်သစ်တွေ ထွင်လိုက် စမ်းလိုက်နဲ့မို့ ရှောင်းက သူတို့နောက်ကို လိုက်ရှင်းရလွန်းခြင်းပင်ဖြစ်သည်။
မရှင်းလို့လည်း မရပေ။ ဝမ်နဲ့သားသားသာ လက်နက်ရုံရောက်သွားရင် လက်နက်ရုံက ပစ္စည်းတွေက ဓားမြတိုက်ခံလိုက်ရသလို အကုန်လုံး ရှုပ်ပွနေတာပင် ဖြစ်သည်။ ထိုမျှမကသေးပါပဲ တစ်ခါတစ်လေ ဗိုက်ကြီးသည် ဟော့သခင်မကြီး တစ်ဖြစ်လည်း မရီးဟော့ရှောင်ရှန်းကိုပါ ခေါ်သွားတာကြောင့် ထိုနေ့ရက်တွေမှာဆို ဟော့စစ်သူကြီးနဲ့ ရှောင်းအရှင်ဟာ တကယ်ပဲ အခက်တွေ့နေတာပင်ဖြစ်သည်။
သူဆိုးနေရရင် သူသာပျော်နေရင် စိတ်ချမ်းသာပေမဲ့ တစ်ခါတစ်လေတော့လည်း သူလည်းမနိုင်တော့ပေ။ခုနောက်ပိုင်း သူသိလာရတဲ့ အမှန်တရားနောက်တစ်ခုက ဝမ်ဟာ ဘယ်တုန်းကမှ တည်ငြိမ်တဲ့သူ မဟုတ်ခဲ့ပါ။
သူအရင်ထင်မိတာက ဝမ်ဟာ တိတ်ဆိတ်ပြီး စျာန်ဝင်တော့မလိုတောင် ငြိမ်သက်တယ် ထင်ဖူးခဲ့ပေမဲ့ ခုတော့ ထိုသို့မဟုတ်တော့ပေ။ ဝမ်ဟာ ငြိမ်နေရရင် မနေတတ်သလို သူချစ်တဲ့ သူတွေနဲ့အတူရှိနေရင် သူဟာ အရမ်းကိုစကားများပြီးရယ်မောရတာကိုသဘောကျတဲ့ ခလေးတစ်ယောက်ပင် ဖြစ်သည်။
ခုတော့ သူက ချော့ရပေတော့မည်ဖြစ်သည်။ သူအပြစ်ပေးလိုက်တာကြောင့်သားသားက သူတို့နဲ့ မအိပ်နိုင်တော့ပဲ ကိုယ့်နန်းဆောင်ဆီ ပြန်သွားခဲ့ရပြီ ဖြစ်သည်။ ထိုအရာကို သဘောမကျဖြစ်နေတဲ့ ဝမ်က သူ့ကို ကြည့်တောင် မကြည့်တော့ပါပဲ ကျောပါပေးထားလိုက်ပြီဖြစ်သည်။
ဆိုးနေတာလေးက ကောက်ပွေ့ပြီး လုံးထွေးပစ်လိုက်ချင်စရာကြီး။ ဘယ်လိုမှန်းကို မသိဘူး။
"ဝမ် ဒီလိုမဆိုးရဘူးလေဗျာ ကိုယ်က ၁ပတ်ပဲ ခွဲထားတာပါ။ ခင်များလေးတို့က အတူတူရှိရင် ဆိုးနေတာလေဗျာ"
"ဘာလဲ ခင်များက အခုငြိုငြင်နေတာလား!"
စိတ်ဆိုးမာန်ဆိုးလေးနဲ့ အပီအပြင် မေးချလာတော့ ရှောင်းက မျက်နှာငယ်လေးနဲ့ လုံးတစ်နေတဲ့ချစ်သူလေးရဲ့ ကိုယ်လုံးကို ပြေးဖက်ပါသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။