Unicode Ver.....
"ခိခိ ဟား ဟား ဟား~~~~ဟား ဟား ဟား"
ဝမ်တစ်ယောက် စိမ်းလန်းစိုပြေပြီး ပန်းပင်အမျိုးမျိုးနဲ့ လှပနေတဲ့ ဥယာဥ်တစ်ခုထဲမှာ လမ်းပျောက်နေတုန်း ရယ်မောသံတစ်ခု အထူးတစ်ဖြင့် အလွန်ရင်းနှီးနေတဲ့ သားသားရဲ့ရယ်မောသံဖြစ်တာကြောင့် ဝမ်က အားတက်တရောနဲ့ အသံလားရာဆီ ပြေးသွားလိုက်လေသည်။
"ဟား ဟား ဟား ဟီး~~~~"
"သားသား"
ဝမ်ရဲ့ခေါ်ဆိုမှုကြောင့် ပိုးစုန်းကြူးလေးလို အစိမ်းရောင် အလင်းလုံးလေးတွေကို ဖမ်းဆော့နေရင်းဖြစ်တဲ့သားသားက သူ့ကိုလှည့်ကြည့်လာလေသည်။
"ဟီးဟီး~~~"
လှပသေသပ်တဲ့ အဖြူရောင်မရောက် ငွေရောင်တန်းနေတဲ့ ဝတ်ရုံလှလှလေးဝတ်ထားတဲ့ သားသားဟာ အရမ်းကို သင့်တယ်ပြီး လှပနေခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ သားသားဟာ ဝမ်ဆီတော့မလာခဲ့ပေ။ သူ့ကို ပြုံးပြနေပြီး နေရာကနေတော့မရွေ့ခဲ့ပေ။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ကတော့ အနောက်ကနေ ဆွဲယူခံရသလို အနောက်ကို တဟုန်ထိုး ပြုတ်ကျသွားသလိုဖြစ်နေလေသည်။
"ဝမ် ထအုံး ဝမ်~~~"
"သားသား!!"
"သားသားအိပ်ပျော်သွားပြီ ဘာဖြစ်လို့လဲ"
ရှောင်းက စိုးရိမ်စွာမေးတော့ ဝမ်က ~~~
"ကျွန်တော် အိမ်မက်မက်တာပါ။ သိပ်တော့မရှင်းလင်းပေမဲ့ သားလေးဝတ်ရုံလှလှလေးဝတ်ပြီး ပျော်နေတာကိုတော့ မှတ်မိတယ်"
"အိမ်မက်ပါပဲ ဝမ်အရမ်းမစိုးရိမ်ပါနဲ့။ သားသားကလည်း ကိုယ်တို့ဘေးမှာပဲ ဘာမှ မဖြစ်ပါဘူး"
ရှောင်းရဲ့ ချော့မြူမှုကြောင့် ဝမ်က အသာလေးခေါင်းညိတ်လိုက်ရလေသည်။
"ပြန်အိပ်ရအောင်ပါ"
ရှောင်းက ထိုသို့ပြောတော့ ဝမ်က ထလာပြီး သားသားကို သူ့ရင်ခွင်ထဲထည့်အိပ်ဖို့ သားသားအိပ်နေတဲ့နေရာဆီ ပွေ့ယူလိုက်တာကြောင့် နိုးသွားတဲ့ သားသားက~~~
"အင် ပါပါးငယ် ဘာဖြစ်တာလဲ"
"ဘာမှ မဖြစ်ပါဘူး သားသား ပါပါးငယ်နဲ့ အိပ်ရအောင်နော်"
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။