Unicode ver....
"ဧကရာဇ် ဒါက ဘာသဘောလဲ"
ရှောင်းရောက်လာပြီဆိုတာနဲ့ ဖေးလျိုလေးက ရှောင်းကမ်းပေးလာတဲ့ လက်ကိုင်ပုဝါကို ယူပြီး သူ့ရဲ့ ဓားသွားလေးကို ဟန်ပါပါနဲ့ သုတ်နေလေသည်။
"ကြည့်ရတာ စူးဘုရင်က ကိုယ်တော်တို့ တိုင်းပြည်ရဲ့ စည်းကမ်းချက်တွေကို သတိမထားမိဘူးထင်ပါတယ်"
ရှောင်းစကားကြောင့် စူးဘုရင်က နားမလည်သလိုနဲ့ ကြည့်လာတော့ ရှောင်းက ခပ်မိုက်မိုက် တစ်ချက်ပြုံးပြီး~~~
"မသိရင် ကိုယ်တော်ပြောပြရတာပေါ့။ တထန်ရဲ့ နောက်ဆုံးဖော်ပြထားတဲ့ ဥပဒေက~~~"
ရှောင်းစကားခဏရပ်ပြီဆိုတာနဲ့ ဖေးလျိုဘက်လှည့်ကြည့်လိုက်တာကြောင့် ဖေးလျိုကလည်း အကြောင်းသိစွာပဲ ရှောင်းလက်ပေါ် တက်သွားပြီး ရှောင်းစကားကို စောင့်နေလေသည်။
"ကဲ ခုတော့ ခမည်းတော်ရဲ့ သားတော်လေး စူးဘုရင်ကို ပြောပြလိုက်ပါအုံး"
"နိုင်ငံတော်စည်းကမ်း နောက်ဆုံးအချက်= ကြင်ယာတော် ဝမ်ရိပေါ် အပေါ်ကို မထီမဲ့မြင်လုပ်ပြီး စော်ကားပြောဆိုတာကို တွေ့ရင် အကြောင်းအရင်း မေးစရာမလို နေရာတင် သတ်ပိုင်ခွင့် ရှိသည်။"
"~~~~"
ဖေးလျိုစကားကြောင့် စူးဘုရင် ဟုတ်လို့လား ဆိုတဲ့ မျက်နှာထားနဲ့ အတွေးများနေတုန်း ရှောင်းက~~~~
"ကြည့်ရတာ စူးဘုရင်က ဒီကို မလာခင် တထန်ရဲ့ စည်းကမ်းတွေကို မဖတ်ခဲ့ဘူး ထင်တယ်။ ဒါမှမဟုတ် ဂရုမစိုက်တာများလား"
ရှောင်းက စူးဘုရင်ကို ခပ်ထေ့ထေ့ကြည့်ရင်း ဆိုလိုက်တာနဲ့ သူ့လက်ပေါ်က ရှောင်းအသေးစားလေးကပါ စူးဘုရင်ကို စူးစိုက်ကြည့်လာတာကြောင့် စူးဘုရင်ကတော့ ဘယ်လိုနေသွားတယ်မသိ ဝမ်တစ်ယောက်ကတော့ တပြုံးပြုံးနဲ့ ခိုးပါရယ်နေလေသည်။
လိုက်လည်း လိုက်တဲ့ သားအဖတွေ ဆိုပြီးသာ စိတ်ထဲအော်နေမိလေတော့သည်။
"သားကတော့ သားတို့ရဲ့ ဥပဒေအတိုင်း လုပ်ဆောင်တာလေးပါပဲ။ ဒါပေမဲ့ စူးဘုရင်ကြီးကတော့ သားအပေါ်မကျေနပ်လောက်ဘူးထင်တယ်။"
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanficဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။