Unicode ver....
အားဖေးနားကို ကပ်မရခဲ့တဲ့ ချန်ယွဲ့က ဝမ်ရဲ့ ကျေးဇူးကြောင့် ရှောင်းနဲ့တော့ အတော်လေးကို ရင်းနှီးနေပြီ ဖြစ်သည်။ ချန်ယွဲ့ဆိုတဲ့ ခလေးမလေးဟာ မိဘမဲ့ ခလေးဖြစ်ပြီး ငယ်ငယ်ကတည်းက အဖွားဖြစ်သူနဲ့ နေတဲ့ ခလေးမလေးဖြစ်သည်။ ချန်ယွဲ့ဟာ နူးညံ့သိမ်မွေ့ပြီး သူများကိုလည်း အလွန်ကြောက်တတ်သူဖြစ်သည်။
ဒါကြောင့် သူမဟာ စကားကို မပြောရဲဘူးဆိုတာထက် စကားတစ်ခွန်းတစ်ခွန်းထွက်ဖို့ကို ခက်ခဲနေတာပင် ဖြစ်သည်။
အရှင်သခင်နှစ်ပါးကတော့ သူမကို ဂရုဏာမျက်လုံးနဲ့ ကြည့်ကြပေမဲ့ ဖေးလျိုလေးကတော့ သူမကို အမြင်ကြည်ပုံမရပေ။
အမှားမလုပ် မပြောမိအောင်အတွက် သူ့နားကို ကပ်ချင်နေတဲ့ ခလေးမကို ဖေးလျိုက ရှောင်တာမှန်ပေမဲ့ တချို့လူတွေရဲ့ မျက်လုံးထဲမှာတော့ ဖေးလျိုဟာ ကြင်ယာတော်နဲ့ ရင်းနှီးနေတဲ့ ခလေးမကို ဖေးလျိုက မနာလိုမုန်းတီးစိတ်နဲ့ မတူသလို ဆက်ဆံတယ် ဆိုပြီး မြင်သွားလေသည်။
"ဟီး ~~~ ခိခိ~~~ဟင်း~~~"
ဒီမနက် စားပွဲဝိုင်းမှာ ခိုးခိုးခစ်ခစ်ရယ်မောသံနဲ့ စကားပြောသံတိုးတိုးလေးတွေ ကြားရပေမဲ့ အရင်လို စိုပြေပြေလေးတော့ ဖြစ်မနေသလို ခံစားရသည်။
မိသားစု သုံးယောက် စားဖူးတဲ့ ထမင်းဝိုင်းမှာ လူတစ်ယောက်က ပိုနေသည်။ အားလုံးက ပျော်နေပုံရပေမဲ့ တစ်ခုခုတော့ လျစ်ဟာသွားလေပြီ ဖြစ်သည်။
နေမင်းကြီးက သိပ်မနွေးတော့ပဲ အနည်းငယ်ပူလောင်နေလေပြီ။ သြော် သေချာပေါက် နေမြင့်နေလို့ပဲ ဖြစ်မှာပါ။
"ယွဲ့အာ ဒါလေးပါ စားကြည့်"
"ကျေးဇူးတင်ပါတယ်ရှင့် မင်းကြီး"
"ဟုတ်ပါပြီ ဖြေးဖြေးသားပါ ခလေးရဲ့"
တချို့မျက်နှာလေးက ပြုံးပေမဲ့ မျက်ဝန်းလေးက ငိုချင်နေသည်။
လည်ချောင်းဝမှာ ခပ်စပ်စပ်လေးနဲ့ နာလာတာက ချစ်ရတဲ့ ပါပါးဖြစ်သူက တစ်စုံတစ်ယောက်ကို
ဟင်းခူးပေးလို့ မဟုတ်ပဲ သူဖျားချင်နေသလိုဖြစ်လိုသာ ဖြစ်မှာပါ ဆိုပြီး ဖြေသိမ့်နေတဲ့ သူရှိတာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ပေ။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။