Unicode Ver....
ပြည့်ရှင်မင်းမြတ်တို့ရဲ့ ဟွမ်ဂျိုးခရီးက သိပ်ကို ပျော်စရာကောင်းပြီး ကြည်နူးစရာကောင်းလှသည်။
ကြင်ယာတော်နဲ့ ဟော့သခင်မက တီထွင်မှုအသစ်အဆန်းတွေ ဆွေးနွေးပြုလုပ်ကြသလို ဧကရာဇ်နဲ့ စစ်သူကြီးကလည်း စစ်ရေးတွေဆွေးနွေးကြသည်။
ကြည်နူးစရာမိသားစုတွေကြားမှာ ဖေးလျိုလေးက ဆည်းလဲလေးအနေနဲ့ တချိန်လုံး ရယ်မောပျော်မြူးနေရလေသည်။
ချိုမြိန်ကြည်နူးတဲ့ ထမင်းဝိုင်းတွေ။ သာယာအေးချမ်းတဲ့ ရယ်မောသံတွေ။ နှစ်လိုဖွယ်ကောင်းတဲ့ ရယ်မောပြုံးပျော်နေတဲ့ မျက်နှာတွေ။
တကယ်ကိုပဲ ဘယ်လောက်တောင် တန်ဖိုးထားထိုက်တဲ့ မှတ်ဉာဏ်လေးလဲ။ ဘယ်လောက်တောင် ထိန်းသိမ်းထားချင်စရာကောင်းတဲ့ အခိုက်အတန့်လဲ။
ဒါပေမဲ့လည်း အချိန်ဆိုတဲ့ အမျိုးက ပျော်ရွှင်ခြင်းဖြစ်ဖြစ် ဝမ်းနည်းခြင်းဖြစ်ဖြစ် သူက တိုက်စားသွားမှာ အမှန်ပါပဲ။
လူဆိုမှတော့ ရှေ့ဆက်ဖို့ လိုအပ်သည်မလား။ လူဘယ်နှစ်ယောက်ကများ ထိုကဲ့သို့ တစ်နေရာတည်းမှာပဲ အချိန်အကြာကြီးရပ်တန့်နေနိုင်မှာလဲ။
ပြည့်ရှင်မင်းမြတ်တို့ရဲ့ ကြည်နူးစရာအချိန်လေးကလည်း ထိုကဲ့သို့ပဲ ကုန်ဆုံးဖို့ ဖြစ်လာလေပြီလား။
နောက်ရက်အနည်းငယ်နေရင်ပဲ မယ်တော်ကြီးရဲ့ မွေးနေ့ရောက်ပြီဖြစ်တာကြောင့် ရှောင်းနဲ့ဝမ်ကလည်း နန်းတော်ဆီ မဖြစ်မနေ ပြန်ရတော့မည် ဖြစ်သည်။ အရင်ရက်တွေတုန်းက ဟော့သခင်မရယ် ဝမ်ရယ် အားဖေးရယ်က စစ်သူကြီးအိမ်တော်တင်မက အမှုထမ်းအချို့ရဲ့ အိမ်တော်တွေမှာ မွှေကြသလောက် ဒီတစ်နေ့မှာတော့ အားလုံးက ငြိမ်ချက်သားကောင်းနေလေသည်။
အားလုံးထက်ပိုတဲ့သူကတော့ ဝမ်ဖြစ်နေလေသည်။ တစ်မနက်လုံးရှိနေပြီဖြစ်ပေမဲ့ ဝမ်က အရင်နေ့တွေလိုတက်ကြွမနေပဲ မှိုင်တွေတွေဖြစ်နေလေသည်။ အခုမှာလည်း ချယ်ရီပင်အောက်က ဒန်းလေးမှာထိုင်ပြီး ဝမ်က အတွေးလွှင့်နေတာဖြစ်သည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fiksi Penggemarဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။