အပိုင်း ~ 36

134 15 16
                                    

Unicode Ver....

လျန်သောင်းရဲ့ မြို့စားမင်းအိမ်တော်~~~~

မွေးနေ့ပွဲညမှာ ပွဲတော်ကြီးတစ်ခုလို စည်ကားသည်။ ဖိတ်စာပါမှ ဝင်ရတဲ့ ဒီပွဲဟာ တကယ်ပဲ နိဗ္ဗာန်အလား လှပပြီး လူ့လောကရဲ့စည်းစိမ်တွေကို စိတ်ကြိုက်ရယူနိုင်မဲ့နေရာဖြစ်သည်။

ကမ္ဘာငယ်လေးတစ်ခုလို ဖြစ်နေတဲ့ ဒီနေရာက မိန်းမဆို မိန်းမ ယောက်ျားဆို ယောက်ျား ဆေးဆိုဆေး အရက်ဆိုအရက် မကောင်းတာမှန်သမျှ မူးယစ်စရာအမျိုးမျိုး ရနိုင်တဲ့နေရာဖြစ်သည်။

ရွာငယ်လေးနဲ့ မြို့စားမင်းအိမ်တော်က လုံးဝမအပ်စပ် မသက်ဆိုင်တော့ပေ။ မြေတစ်ခုတည်းပေါ်မှာ ရှိနေကြပေမဲ့ ရွာငယ်ထဲက လူတွေကတော့ လူ့ပြည်ငရဲ ခံစားနေရပြီး မြို့စားမင်းအိမ်တော်က လူတွေက လူ့ပြည်နိဗ္ဗာန်က်ို စျာန်စားနေရလေသည်။

"မင်းနေပြည်တော်ဆီက ရတဲ့ ထောက်ပံ့ကြေးတွေကို သူတကယ်ပဲ ဒီရွံစရာနေရာမှာ သုံးလိုက်တယ်ပေါ့။ လူမဆန်တဲ့ကောင်"

သူများထက်သာတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူမရဲ့ မျက်နှာကို ပုဝါနဲ့ အုပ်ထားပြီး မြို့စားမင်းစံအိမ်ထဲမှာ သတိနဲ့ လှုပ်ရှားနေလေသည်။

သူသာယောက်ျားလေးတစ်ယောက်ဆို အိမ်အတွင်းပိုင်းကို ခိုးဝင်ဖို့ ခက်ခဲနိုင်မည်ဆိုပေမဲ့ သူက မိန်းခလေးဖြစ်နေတော့ ဒါက မပြောပလောက်တော့ပေ။

ဒီတစ်ခါတော့ သူ့ရဲ့ လှပမှုကို ကျေးဇူးတင်ရပေလိမ့်မည်။ ထိုအလှတရားကြောင့်သာလျှင် သူက ဒီစက်ဆုတ်စရာအိမ်တော်ထဲမှာ အဆင်ပြေပြေနဲ့ သွားလာနိုင်နေသည် ဖြစ်သည်။

"ဟား ဟား အစီအစဥ်အောင်မြင်တဲ့အတွက် လျန်အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်။ "

"ဟား ဟား ညီလေးချီ နည်းနည်းစောနေပါသေးတယ်ကွ။ ဒီကိစ္စက ၈၀  ရာခိုင်နှုန်းလောက် အောင်မြင်နေပြီဆိုပေမဲ့ ရာနှုန်းပြည့်မဟုတ်သေးဘူး။ ဒါပေမဲ့ မိဖုရားတို့ရဲ့ အစွမ်းအစနဲ့ဆိုရင် ငါတို့ဒီထက် ကောင်းစားရမှာပါ"

"ဟား ဟား အကြံအစည် တစ်ခုတည်းနဲ့ ကျွန်တော်တို့ အဆင်ပြေနေပြီ မိဖုရားတို့သာ စီစဥ်ထားသလို အောင်မြင်ရင် ကျွန်တော်တို့တော့ တစ်သက်လုံးစာ အေးချမ်းပြီ"

My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)Where stories live. Discover now