Unicode ver....
"ဘယ်လိုလဲ"
"ပထမအစီအစဥ်က မအောင်မြင်ပေမဲ့ သခင်မလေးရဲ့ ပါးနပ်မှုကြောင့် ဒုတိယအစီအစဥ်ကတော့ အောင်မြင်သွားပါတယ်"
"ငါက သူအဲ့နေရာမှာ သေသွားတာကို လိုချင်ပေမဲ့ ဒုတိယအစီအစဥ် အောင်မြင်သွားတာလဲ မဆိုးပါဘူး။ လုပ်ဆောင်တာတော်တယ်။ ဒါက မင်းအတွက် "
"ကျေး ကျေးဇူးတင်ပါတယ် သခင်မလေး"
ထိုအစေခဲဟာ အမှောင်ထုထဲကနေ သူ့ကို ရွှေထုတ်ကမ်းပေးလာတဲ့ မိန်းမလှလေးကြောင့် သူက ဝမ်းသာအားရနဲ့ ရွှေထုတ်ကို အမြန် လက်ခံလိုက်လေသည်။
ထိုလက်ကလေးက သွယ်လျလျလေးနဲ့ သိပ်ကို လှလွန်းပါသည်။ ဒါပေမဲ့ သူတို့ဟာ မဟုတ်တာတွေ လုပ်နေကြရသည်။
~~~~~
"ဟင်း ဟင့် အီး ဟင့်~~~"
"ဟင်!"
ဝမ်တစ်ယောက် လူနာတွေကို လေ့လာကြည့်နေတုန်း အိပ်ယာပေါ်ကွေးပြီး အဖျားတက်နေတဲ့ ခလေးငယ်လေးတစ်ယောက်ကို တွေ့တော့ သူအမြန်ပဲ ခလေးငယ်ကို ပွေ့ယူပြီး~~~
"ခလေးလေး~~~~ ခလေးလေး သတိထားအုံး ခလေးလေး~~~~သမားတော် သမားတော်!!!"
ဒဏ်ရာကြောင့် အဖျားတက်ပြီး သတိလစ်နေပြီဖြစ်တဲ့ ခလေးမလေးတစ်ယောက်ကို ပွေ့ချီပြီး သမားတော်ကိုပါ အော်ခေါ်ရင်း ဝမ်ဟာ အလုပ်ရှုပ်နေခဲ့လေသည်။
ချစ်စရာကောင်းတဲ့ ခလေးလေးဟာ ကြင်ယာတော်ရဲ့ရင်ခွင်ထဲမှာ အသိစိတ်ကင်းမဲ့စွာပဲ မျောနေခဲ့လေသည်။
"ခလေးလေးသတိထားပါအုံး အားတင်းထားနော် သမားတော်လာနေပြီ"
ပြည့်ရှင်မင်မြတ်ရဲ့ ကြင်ယာတော်ဟာ ဤလောက်မျှ တိုင်းသူပြည်သားကို ချစ်ပါသည်။ သူကိုယ်တိုင်က ဒဏ်ရာရနေခဲ့ပေမဲ့ သူ့စိတ်ကတော့ ပြည်သူတွေကို စိတ်ပူနေတုန်းပင် ဖြစ်သည်။
ဤနွေးထွေးတဲ့ ကြင်ယာတော်ရဲ့ နှလုံးသားကြောင့် အနာဂတ်မှာ ကြင်ယာတော်က သေချာပေါက် အမြင့်ဆုံးနေရာကို ရောက်နေ
မှာပါ။~~~~
ရှောင်းတစ်ယောက် ကိုယ်ကသာ အလုပ်လုပ်နေပေမဲ့ သူ့ရဲ့ စိတ်ကတော့ သူ့ရဲ့ ကြင်ယာတော်လေးဆီကိုသာ တစ်ချိန်လုံးရောက်နေလေသည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanficဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။