Unicode Ver ......
လျန်သောင်းမြို့နားက ရွာလေးတစ်ရွာမှာ အရင်က ကြားနေရတဲ့ အော်ဟစ်ငိုယိုသံတွေ တိုးတိတ်သွားခဲ့လေပြီ ဖြစ်သည်။
ထိုအစား~~~
"သမားတော်တို့ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်"
"လမင်းသားတော်က တကယ်ပဲ သားတို့ကို ဆင်းကယ်ပြီ"
"ငါတို့ သေဘေးက လွှတ်ပြီ"
"သူတော်ကောင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်"
"ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
အလွန်ကိုမှ ပျက်စီးယိုယွင်းနေတဲ့ ရွာထဲက လူသားတွေဟာ အခုချိန်မှာတော့ နာတဲ့လူက တစ်နေရာ ဖျားတဲ့သူက တစ်နေရာ အားပြတ်တဲ့သူက တစ်နေရာ နေကောင်းနေသေးတဲ့ သူကတစ်နေရာ လူတွေကို သူ့အဖွဲ့အလိုက် တည်ရှိနိုင်အောင် လူတစ်ယောက်က အေးအေးဆေးဆေး စီစဥ်နိုင်သွားတာ ဖြစ်သည်။
ရွာမှာ အပြောင်းအလဲရှိနေတာကို လျန်သောင်းမြို့စားမင်းကတော့ ခုထိ သတိမထားမိခဲ့ပေ။ အကြောင်းရင်းကတော့ သူ့ရဲ့ သတင်းပို့စကားကို သယ်ပေးနိုင်မဲ့ ရွာက ငယ်သားအားလုံးက အသစ်မရှိတော့တာဖြစ်သည်။
တစ်ဦးတည်းသာ ကျန်နေသေးတဲ့ ငယ်သားကလည်း ဝတ်ရုံနက်နဲ့ လူရဲ့ " မှန်မှန်ဖြေပေးရင် အသက်ရှင်မယ်။ လိမ်ညာရင် သေ"ဆိုတဲ့ စကားကြောင့် သူသိသမျှ လျို့ဝှက်ချက်ကော မဝှက်တဲ့ဟာကော ဝတ်စုံနက်နဲ့လူကို အကုန်ပြောပြလိုက်လေသည်။
"ဘာ!!! လျန်ဝူကျီဆိုတဲ့ အယုတ်တမာကောင်က ခလေးတွေကော မိန်းမတွေပါ မကျန် ရောင်းစားတယ်ဟုတ်လား!"
"ဟုတ် ဟုတ်ပါတယ်"
"လူစိတ်မရှိတဲ့ ဒီခွေးကောင်ကတော့ တောက်စ်! ဆက်ပြောစမ်း!!!"
" သူ သူက အရမ်းလည်း တဏှာကြီးပါတယ်။ သူ သူက မိန်းမ ယောက်ျားမချန် သူကြိုက်ရင် အ အကုန်လုံးကို သူက စော်ကားပါတယ်။ တချို့တွေ ပြောတာက သူက လူပါ သတ်ချင်ရင် ကြက်လို ဝက်လို သတ်ပါသတဲ့။ ကျန် ကျန်တာတော့ ကျွန်တော် မသိတော့ပါဘူး။ ကျေး ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanficဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။