Unicode Ver.....
အနီရောင်ပန်းခင်းကြီးတစ်ခုထဲမှာ လူတစ်ယောက်က ငြိမ်ငြိမ်လေးလှဲနေလေသည်။ အတန်းလိုက်ဖြစ်နေအောင် ဂရုတစိုက် စိုက်ပျိုးထားသော ပန်းပင်လေးတွေကြားမှာ အရွက်ခပ်ထူထူနဲ့မြက်ပင်လေးတွေစိုက်ပျိုးထားတာကြောင့် လှဲအိပ်နေတာတောင် အဝတ်က ပေပွမသွားတဲ့အပြင် စိတ်ချမ်းသာမှုကိုပါ တစ်မျိုးတစ်ဖုံ ပေးစွမ်းနေလေသည်။
ထိုသို့ဆိုသော်ငြား ထိုမြက်ခင်းပြင်ပေါ် လှဲအိပ်နေတဲ့လူက မျက်လုံးမှိတ်ထားပါရက်နဲ့ မျက်ရည်စက်ကို နားထင်ပေါ် ဖြတ်ပြေးခွင့်ပေးနေလေသည်။ ဒီလိုမြက်ပင်မျိုးက စိတ်အေးစေတယ်ဆိုတာ အလိမ်အညာတွေများလား။ ထိုလူလေးက ဘာအတွက် မအေးချမ်းပဲ ပူလောင်နေရတာလဲ။
တစ်ခါတစ်လေတော့လည်း ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ စိတ်ပင်ပန်းအောင် လုပ်ဆောင်လွန်းပါတယ်။
~
~
~တထန်ပြည်ရှိ နန်းတော်ထဲက နန်းဆောင်တစ်ခုထဲမှာ လူတစ်ယောက်က မှန်ရှေ့မှာသူ့ဆံပင်သူ ဖီးသင်ရင်း ပြုံးနေလေသည်။
သိပ်ကိုပြတ်သားတဲ့ အလှတရားလေးနဲ့ ထိုမိန်းမပျိုလေးဟာ ယောက်ျားတိုင်းလိုချင်တဲ့ တော်ဝင်ပန်းလေး မင်းသမီး ဝမ်ရှီးယွင့်ပင် ဖြစ်သည်။
ဝမ်ရှီးယွင့် မိဖုရားခေါင်ရဲ့ သမီးဖြစ်သည်အလျောက်သူမဟာ ငယ်ငယ်ကတည်းက လိုချင်တာမှန်သမျှ ပိုင်ဆိုင်ရသူဖြစ်သည်။
လောကမှာ ဖြစ်တည်နေတဲ့အရာကို သူမသာ လိုချင်ပါစေ ဖြည့်ဆည်းပေးချင်တဲ့သူတွေက တဘုံတပင်ပင် ဖြစ်သည်။
ဥပမာ ရက်စက်ကြမ်းကြုတ်ပါချည်ရဲ့ဆိုတဲ့ ရှောင်းကျန့်ဆိုတဲ့ စစ်နတ်ဘုရားလို့တင်စားထားတဲ့ လူကြမ်းကြီးကို တိုင်းပြည်အတွက်ဆိုပြီး သူမက လက်ဆပ်ဖို့ဖြစ်လာပေမဲ့ သူမဟာ ဉာဏ်သုံးပြီး တိုင်းပြည်ရဲ့ အသုံးမဝင်တဲ့ ခပ်ညံ့ညံ့မင်းသားတစ်ပါးကို ထိုးကြွေးပေးလိုက်တာမျိုးပေါ့။ သူမခံယူထားတာက ဒီဆုံးဖြတ်ချက်ဟာ သူမအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါလို့။
စစ်နတ်ဘုရားကို သူမလက်ဆက်စရာမလိုသလို နိုင်ငံရဲ့အမှိုက်ကိုလည်း ရှင်းနိုင်ခဲ့သည်။ ထိုမျှမက အကျိုးအမြတ်အနေနဲ့ သူမတို့နိုင်ငံအတွက် တထန်က ကျောထောက်နောက်ခံဖြစ်ပေးတာပင် ဖြစ်သည်။
YOU ARE READING
My Precious (ကိုယ့်ရဲ့ အဖိုးတန်လေး)
Fanfictionဒီ fictionလေးကို ဒီ accကနေ ဆက်တင်ပေးသွားမယ်နော်။