part 1

1.8K 17 1
                                    

      စတစ်ကော်လံအဖြူကို သွက်လက်ကျွမ်းကျင်စွာ ကြယ်သီးတပ်နေစဉ် တံခါးခေါက်သံ နှစ်ချက် ခပ်ဖွဖွထွက်လာသဖြင့် လုပ်လက်စကို ခဏရပ်ပြီး တစ်ဖက်မှ အသံပြုလာမည်ကို စောင့်လိုက်သည်။
   
     "ကိုကိုကြီး" တိုးလျလျအသံချိုချိုနှင့်ပင် တံခါးနောက်ကွယ်မှ ကုတ်ချောင်းကုတ်ချောင်းဖြစ်နေမည့် နှောင်းသွဲ့၏ အမူအယာကိုပါ တစ်ခါတည်းမြင်ယောင်လာသည်။ စိတ်လှုပ်ရှား၍ တံခါးကိုလည်း လက်သည်းဖြင့် တဂျစ်ဂျစ် ခြစ်နေပုံရသည်။

     "အင်း" သည်ကလေးမက စိတ်မရှည်ချင်စရာကောင်းလှအောင် စကားတစ်ခွန်းနှင့် တစ်ခွန်းအကြား ပြောထွက်ဖို့ အချိန်အတော်ကြာယူသည်။ အသံပြန်မထူးလာလျှင်လည်း ဆက်မပြောဘဲ အဲ့အတိုင်း ရပ်စောင့်နေတတ်သေးသည်။ သို့နှင့် စကားချွေတာ ‌လေချွေတာတတ်သူကြီးလည်း တစ်ခွန်းဆုံးတိုင်း တစ်ခါ အင်း ချပြီး စကားထောက်ပေးရသည်။

    "ကြီးကြီးလွမ်းခင် ရောက်နေတယ်" စကားသံဆုံးသွားသော်လည်း လှည့်ထွက်သွားသည့် ခြေသံမကြားရသေးလေရာ ပြောလို့မပြီးသေးပုံရသည်။ အိုက်စပ်အိုက်စပ်ဖြင့် ပူလောင်လှသည့် အညာနွေကြောင့် အင်္ကျီလက်များကို တံတောင်ဆစ်အနားအထိ သပ်သပ်ရပ်ရပ်ခေါက်တင်နေရင်းမှ အသံထပ်ထွက်လာမည်ကို စောင့်နေလိုက်၏။

    "အဲ့ဒါ...." အသံရှည်ဆွဲကာ ပြောသင့်မပြောသင့် ချီတုံချတုံဖြစ်နေပုံကို ထောက်လျှင်ဖြင့် အိမ်လည်ချင်ကြောင်း ဒေါ်ဒေါ်နှင့်အတူ တစ်ဖက်ရွာသို့ လိုက်သွားချင်ကြောင်း ခွင့်လာတောင်းခြင်း ဖြစ်လိမ့်မည်။

    "လိုက်သွားလို့မရဘူး။ ဒီနေ့ ကိုမင်းမောင်နဲ့အတူ စာသင်ကျောင်းဘက်ကို သွားကြည့်စရာရှိတယ်။ မင်းကို ကိုယ် အိမ်ပြန်ဖို့ လိုက်ခေါ်နိုင်မှာ မဟုတ်ဘူး"  နှောင်းသွဲ့က သူ့ကို ဘာမှထပ်ပြီး အထွန့်တက်မလာသော်ငြား သူကဖြင့် ထိုကလေးမ၏ မျက်နှာတော် အလိုမကျ စူပုပ်နေလိမ့်မည်ကို ခန့်မှန်းမိသည်။ သို့သော် တံခါးဖွင့်ကာ သူနှင့် မျက်နှာချင်းဆိုင်ရချိန်တွင်တော့ မည်သည့်ပုန်ကန်သည့် အမူအယာကိုမှ ထုတ်ဖော်ပြရဲမည် မဟုတ်ပါ။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now