part 5

265 4 1
                                    

      အရုပ်ဝယ်ပေးမည်။ မုန့်ဝယ်ကျွေးမည်နှင့်  အမျိုးစုံနေအောင် ချော့မော့ပြောပါသော်လည်း ဖိုးထောင်မှာ အငိုမတိတ်သဖြင့် ကိုသက်ခိုင်မှာ စိတ်မရှည်ဖြစ်လာရသည်။ အသား‌အရောင် ဝါဝါဖန့်ဖန့် ခေါင်းထိပ်မှာလည်း ကြက်တောင်စည်းလေးနှင့် ချစ်စရာကောင်းသော တူဖြစ်သူကို ကိုသက်ခိုင်တစ်ယောက် သားအဖြစ် တကယ်မွေးစားလိုပါသည်။ သို့သော် သည်ကလေးကတော့ ကားပေါ်တွင် ငြိမ်ငြိမ်မထိုင်ဘဲ ကော့လန်ထိုးလျက် နားစည်ကွဲလုမတတ်‌ကို အော်ငိုနေတော့သည်။

     ဖိုးထောင်မျက်လုံးထဲတွင်တော့ ဒီလူကြီးဟာ မကောင်းတဲ့လူကြီးသာဖြစ်သည်။ သူ့အမေကိုရိုက်ရုံသာမက ငိုအောင်လည်းလုပ်သေးသည်။ အမေကို အရမ်းကပ်ပြီး တွယ်တာတတ်သည့် ဒီလိုအရွယ်တွင်
အမေနှင့်ခွဲရခြင်းက ကမ္ဘာပျက်သလိုပါပင်။ ဖိုး‌ထောင်မှာ ဝမ်းနည်းစိတ် ကြောက်စိတ်တို့ကြောင့် နှပ်တွေရော မျက်ရည်တွေပါ ထွက်လာပြီး ပေကျံကုန်သည်အထိ အာခေါင်သံစူးစူးဖြင့် ကြားရတဲ့လူ အသည်းခိုက်အောင် ငိုချပစ်သည်။

     တစ်ဖက်တွင်တော့ နှောင်းသွဲ့သည် ဖိုးလုံးနှင့်အတူ အနောက်လမ်းမဘက်ကနေ ဖြတ်ကာ ရွာဆီပြန်လာနေသည်။ ကိုကိုကြီးက လာကြိုမယ်ပြောသော်လည်း နေပင် ဝင်လုလုဖြစ်နေသည်မို့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်လာခဲ့တော့သည်။ နှောင်းသွဲ့က နေမွန်းကျကတည်းက တမျှော်မျှော်ဖြစ်နေသဖြင့် ကြီးကြီးလွမ်းခင်ကလည်း မတားရက်ဘဲ သွားခွင့်ပြုလိုက်သည်။ လည်လွန်းမွှတ်လွန်းသည့် ဂျင်ပေါ်ကထုံး မောင်ဖိုးလုံးလည်း ပါနေသည်မို့လား။

    သင်္ချိုင်းကိုဖြတ်ရသဖြင့် ရွာနောက်ဖက်ကလမ်းမှာ လူပါးခြင်းဖြစ်သည်။ အခုလို ညနေစောင်းဆို လူသွားလူလာလုံးဝမရှ်ိတော့ပေ။ ဖိုးလုံးကလည်းရဲသလို နှောင်းသွဲ့ကလည်း ဒါမျိုး မကြောက်တတ်။ အမှန်က ရှေ့ကလမ်းကနေသွားလျှင် တစ်ကွေ့တစ်ပတ်ကြီးလျှောက်ရမည်မို့ နှစ်ယောက်သား ပျင်းပျင်းနှင့် သတ္တိကိုအားကိုးကာ ဖြတ်လမ်းကနေ လျှောက်လာကြခြင်းဖြစ်သည်။

   "သားပြေးရင် လုံးလုံး လုံးလုံးနဲ့မို့လို့လေ" သင်္ချိုင်းကုန်းကို ကျော်လာပြီးနောက် စိတ်အေးသွားသော ဖိုးလုံးက သူ့နာမည် ဖိုးလုံးဖြစ်ရသည့်အကြောင်းကို ဋီကာဖွင့်ပြနေသည်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now