part 33

59 2 0
                                    

      မုဆိုးအိမ်တန်းက အမြဲသက်ဝင်စည်ကားနေသည့်နေရာဖြစ်သည်။ သစ်သားတိုင်လေးတွေနှင့် စိုက်ထူထားသည့် ခြံစည်းရိုးကို ကျော်လိုက်ပြီဆိုတာနှင့် အနှီခြံဝန်းအကျယ်ကြီးထဲရှိ လူတိုင်းက တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသည်ကို တန်းမြင်တွေ့နိုင်သည်။

     အိမ်ရှိလူအကုန် လယ်ထဲဆင်းနေကြသဖြင့် ရွာထဲတွင်တော့ တိတ်ဆိတ်လို့နေစဉ် မုဆိုးအိမ်တန်းဆီက ကျွတ်စီကျွတ်စီအသံစုံလင်နေ၏။ ဒယ်အိုးကျယ်ကြီးထဲတွင် မြေပဲတွေလှော်လိုက် နှမ်းတွေလှော်လိုက်ဖြင့် မအားလပ်ကြပေ။ နှမ်းပျစ်တို့ မြေပဲယိုတို့လို သရေစာလုပ်ဖို့ လုံလောက်အောင်ဖယ်ထားပြီးပြီဆိုလျှင် ယုဇနနှင့်အတူ နောက်ထပ်လူအနည်းငယ်က နှမ်းလှော်နှင့် မြေပဲလှော်တို့ကို သက်သက်စီ ရောင်းထုတ်ရန် ပြန်ခွဲခြမ်းသည်။ အသင့်စားမို့ သစ်ရွက်ဖက်ရွက်တွေနှင့်ထုပ်ကာ မြို့တက်ရောင်းလျှင် ဈေးကောင်းပိုရသည်။

     ထနောင်းတစ်ပင်ရွာသည် ဘာကိုစိုက်ပျိုး စိုက်ပျိုး အကုန်ဖြစ်ထွန်းသည်ဆိုရမည်။ အချို့သီးနှံတွေက သူ့ရာသီမဟုတ်ရင်တောင်သေချာသိုလှောင်ထားကြသည့် ထနောင်းတစ်ပင်ရွာသားတွေကြောင့် ဘာကိုပဲလိုလို ကြိုက်သည့်အချိန်တွင် ရနိုင်သည်။ လက်ဝါးကြီးအုပ်ခံထားရလို့သာမဟုတ်လျှင် ထနောင်းတစ်ပင်ရွာသည် ဤမျှ ချွတ်ခြုံကျကာ ခေါင်နေလိမ့်မည်မဟုတ်ပါ။

     ပန်းနုယဉ်က နေရာလွတ်လေးတွင် ဆောင့်ကြောင့်ထိုင်လျက် အမျိုးသမီးကြီးဆီမှ နှီးဖျားယက်နည်းကို အကြည့်ဖြင့် သင်ယူနေသည်။ လုပ်တတ်သည် မလုပ်တတ်သည်ထက် အခြားသူ လုပ်နေသည်ကို ကြည့်ရတာကလည်း တစ်မျိုး စိတ်ဝင်စားစရာကောင်းလှသည်။

    အစက မုဆိုးအိမ်တန်းသည် ငြီးငွေ့စရာကောင်းပြီး ပျင်းစရာကောင်းလိမ့်မည်ဟု ထင်ထားခဲ့တာဖြစ်သည်။ အခုတော့ အမျိုးမျိုးသော အသစ်အဆန်းတို့ဖြင့် ပြည့်နှက်နေသောနေရာကိုကြည့်ရင်း ပန်းနုယဉ်မှာ အံ့ဩရသည်။ ထို့ပြင် ဒီလောက်ဖော်ရွေလှသည့်ဓားပြတွေကို ပထမဆုံးမြင်ဖူးခြင်းလည်းဖြစ်သည်။ အမျိုးသမီးကြီးတွေကပါ ဓားပြအဖွဲ့ထဲတွင် ရှိနေသည်ကတော့ မယုံနိုင်စရာပင်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now