တစ်လောကလုံးအပေါ် ကောင်းပေးနိုင်တဲ့ ငါက မင်းကိုပဲ သီးသန့်မကောင်းပေးနိုင်တာ ဆော့မက်သရူး။ အဲ့လောက်ဆိုရင် ငါ မင်းကို ဘယ်လောက်ေတာင် မုန်းလဲဆိုတာ သိမယ်ထင်တယ်။
ဆောင်းဟန်ဘင်း
လောကမှာ ဘယ်သူကတော့ ချစ်ရသူ ဘယ်သူကတော့ ချစ်သင့်သူဆိုတာမျိုးရှိပေမယ့် ကျွန်တော်ကတော့ သိပ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာကို ကိုကို့ဆီက မဟုတ်ဘဲ တခြားတစ်ယောက်ဆီက ရနေပေမယ့် မပျော်ဘူး ကိုကို။ ချစ်တဲ့သူနဲ့ ဝေးတဲ့ ဒုက္ခရော ကိုယ့်ကို မချစ်တဲ့သူအနားမှာ နေရတဲ့ ဒုက္ခရော နှစ်ခုလုံးကို ကိုကိုက သေချာလေး ပေးခဲ့တာပဲ။
ဆော့မက်သရူး
သူက မင်းကို မချစ်တာမဟုတ်ဘူး ဆော့မက်သရူး။ ဘယ်တုန်းကမ မင်းကို ချစ်ဖို့ မကြိုးစားကြည့်ခဲ့တာ။ မင်းသူ့ကို ချစ်တာထက်ပိုပြီး ကိုယ်က မင်းကို ပိုချစ်ပေးနေတာကို တောင် ကို့ကိုနည်းနည်းလေး ငဲ့မကြည့်ပေးချင်ဘူးလား။
ဂင်ဂျီဝန်း
ဟန်ဘင်းဆီမှာ သူ့အတွက် ခံစားချက်တွေ ထုထည်လိုက်ကြီးကို ကိုယ်မြင်နေရတယ်။ အဲ့ဒါကို ဟန်ဘင်းက အမုန်းလို့ ခေါင်းစဉ်တပ်ထားပေမယ့် တစ်ချိန်မှာ အဲ့ဒီ အမုန်းက အချစ်လို့ ပြောင်းသွားတာနဲ့ သူ့ကို ဟန်ဘင်းပေးထားတဲ့ ခံစားချက်ရဲ့ ထုထည်ကို ကိုယ် ယှဉ်နိုင်မှာ မဟုတ်ဘူး။
ကျန်းဟောက်
အချစ်ရေးနဲ့ ပက်သတ်ရင် မင်းက သိပ်ပျော့ညံ့တာပဲလို့ ပြောခဲ့တာ ငါနောင်တရတယ် ဆော့မက်သရူး။ အခု ငါ ဝဋ်လည်နေပြီထင်တယ်။ အချစ်ဆိုတာ ပိုင်တဲ့သူက နိုင်လား မနိုင်လား ငါမသိချင်တော့ဘူး။ သူ စိတ်ချမ်းသာဖို့ဆို မပိုင်ရလည်း ဖြစ်တယ်။
ဂင်ထယ်ရယ်
ချစ်သင့်သူနဲ့ ချစ်ရသူဆို ကိုယ်ကချစ်ရတဲ့သူကိုပဲ နွားကျတဲ့အထိရွေးတာကတော့ မင်းနဲ့ငါက အတော်လေးတူတယ် ဆော့မက်သရူး
ရစ်ကီရှန်
အစ်ကိုက သနားဖို့ကောင်းတယ်။ ပြီးတော့ မသနားချင်လောက်အောင်ကို ဒေါသထွက်ဖို့က ပိုကောင်းတယ်။
ပတ်ဂွန်ဝု
အချစ်ကို ချစ်နေဖို့ပဲလို့ ပြောကြတဲ့သူတွေက ချစ်သမျှအတိုင်း ပြန်မုန်းတာ မခံရဖူးလို့နေမှာနော်
ဟန်ယူဂျင်း
ကမ္ဘာကြီး ပြောင်းပြန်လည်ရင်တောင် အစ်ကို့ (မက်သရူး) ကို ပြန်ချစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ
ဂင်ဂယူဘင်းလူကြီးတွေ ကတိက၀တ်တွေကြောင် လက်ထပ်လိုက်ရပေမယ့် တစ်ယောက်က ချစ်ပြီး တစ်ယောက်က မချစ်နိုင်တဲ့ ဆက်ဆံရေးမှာ နောက်ထပ်တွယ်နေတဲ့ နှောင်ကြိုးတွေကြား ဘယ်ကြိုးကိုများ ပိုမြဲအောင် ရစ်ချည်ကြမလဲဆိုတာ.........
မသိပေမယ့်.........
စောင့်ဖတ်ပေးကြမယ့် တစ်ယောက်ချင်းစီကို ချစ်တာတော့ သိကြမယ်လို့ထင်ပါတယ်။
Yoeninswal

YOU ARE READING
My hornable love (Complete)
FanficOTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာပေးတာပါ။ ပြီးတော့ Gyujin နဲ့ Shentaerae ပါနော်🚨🚨🚨