စတိုရီယိုခန်း..
ကဗျာတွေစီကာ..အချစ်ဆုံးဖတ်ဖို့
နှလုံးသားဆီကစကားလုံးများ...
အချစ်အဓိပါယ်ဖွင့်ဆို နေချိန်ပြုံးပန်းတို့ ဖူးပွင့်မလားအချစ်နူတ်ဖျား...
သံစဉ်တွေနဲ့ ကိုယ်ရေးဖွဲ့တဲ့တေးသွားလွင်လွင်..ကိုယ့်သီချင်းများ..နားဆင်ရင်း
တန်ပြန်အချစ်စိတ်တို့ ကိုယ့်အတွက်ထားနိုင်မလားအလွမ်းအိမ်မက်..ကိုယ်မှမက်လို့ပါ
စာနာစဉ်းစားပေးလဲ့ဦး
အချစ်ရေးစီးမှာ အတူဆုံမျှော်ချင်တာ...
အတူဖန်တီးတဲ့အချစ်အိမ်ကလေးနဲ့.. ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒရာ...
အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ..
တသက်စာတွက်..ဟိုမခမ်းခြောက်မဲ့..
ကိုယ့်အချစ်များပေးဆပ်ရင်း...ပျော်နေမှာ..ဒီသီချင်းဆိုအဆင်ပြေတယ်မလား..
အေး
ငါတို့ကြိုက်လွန်းလို့ရူးတော့မယ်ဟက်..
တေဇဟိန်းတစ်ယောက်ဂီတာတီးရင်းပြန်ညင်းမိနေသည် သည်သီချင်းလေးနားထောင်တိုင်း ပင်လယ်သမုဒရာမှာချစ်ရသူနဲ့ရွက်လွင့်နေရသလိုပင် လေပြေတွေတိုက်လို့ အချစ်စကားတွေတစ်ယောက်နဲ့တစ်ယောက်ဖွဲ့နွဲ့ပြောချင်မိသည်တေဇရယ်တော်ပါတော့
အေးပါကွာ ခဏလေးကီးပြန်ညှိုနေတယ်သူတို့ကန်တင်းဘက်ထွက်လာခဲ့သည် ခုတလောပိုင်းဥပဒေအဖွဲ့နဲ့ရန်မဖြစ်ဖြစ်ပါ ဖြစ်ရင်လည်းမပြီးတော့ဘူးလေ
သူတို့စကားလက်ဆုံကြနေတုန်း ငြိမ်းသူရထံဖုန်းဝင်လာသည်
တေဇတစ်ယောက်နောက်ဖို့ပြင်လိုက်သည်
မင်းရည်းစားလား..ပြောမလားငါ့အမေ..
စတာမပြောဘူး
ဟယ်လိုအမေ........
ဗျာ့ ဟာအမေကလည်းမသွားချင်ဘူး..
......
ဟုတ်ကဲ့ဒါဘဲမလား...
....
တီ..
ဘာပြောတာလဲ
ငါ့ညီမလေ သူ့ဖိုင်ကျန်ခဲ့လို့သွားပို့ပေးရအုံးမယ်မင်းမှာညီမရှိတာလားလျှိုထားတယ်နော်..အမယ်
မပြောချင်လို့ပေါ့ဘာဖြစ်လဲ
အေးပါ..
သွားပြီ
ငြိမ်းသူရသူ့ညီမတို့အတန်းဘက်ရောက်ချလာသည်
ကျွန်တော်စီးပွားရေးအဆောင်ဘက်မသွားချင်ပါဘူးဆိုနေမှ အခုသွားရတော့မယ်
သူစီးပွားရေးအဆောင်ဘက်ရောက်တော့ အတန်းမသိဘဲ ဘေးကလူကိုမေးလိုက်သည်
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...