ရန်ပိုင်သော်..!!
ဘယ်သူလဲငါ့ကိုခေါ်နေ..မင်းဘုန်းခန့် ''
ရန်ပိုင်သော်ဒီနေ့ဘောလုံးကစားပြီးပြန်လာချိန်သူ့ကိုတစ်ယောက်ယောက်ခေါ်နေတာတွေ့လို့ ေမးလိုက်ချိန်သူ့မတွေ့ချင်တဲ့သူဖြစ်နေတာကြောင့်လှည့်ထွက်လာလိုက်သည်
သူအအမြန်လှည့်ထွက်လာချိန်သူ့နောက်ကိုဘယ်ချိန်ရောက်လာပြီးသူ့ကိုလှမ်းဆွဲလိုက်လဲမသိပါ..မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ..?
မရှောင်ဘူးလို့ပြောပြီးပြီလေ ငါကမင်းနဲ့စကားမပြောချင်လို့လို့မှတ်ထားလိုက်..!!
''ဘာလို့စကားမပြောချင်တာလဲ..မင်းပြောမှငါသိမှာပေါ့''
မင်းသိလည်းအပိုဘဲ ဖယ်ပေးပါငါပင်ပန်းနေပြီ..
ငါနဲ့တနေရာအတူလိုက်ခဲ့ပေး.
ဘာ..
မင်းလိုက်ခဲ့ပေး''
မင်းဘုန်းခန့် တစ်ယောက်ရန်ပိုင်သော့်လက်ကို ဆွဲ ပြိးကားထဲထည့်လိုက်သည်
သူတချိန်လုံးရန်ပိုင်သော်လက်ကိုဆုပ်ကိုင်ရင်းကားမောင်းလာခဲ့သည်
ရန်ပိုင်သော်ကလည်းတလုံးမျှမပြောဘဲသူ့နောက်သာလိုက်လာခဲ့သည်
ကားရပ်ပြီးချင်းသူတို့နှစ်ယောက်ပန်းခြံထဲ ကခုံမှာစကားပြောကြသည်ငါမေးတာမင်းအမှန်ဖြေပေး..
ဘာကိုလဲ..?
အဲ့နေ့ညကငါနဲ့မင်းနမ်းခဲ့ကြတယ်ဟုတ်တယ်မလား..
မင်းဘယ်လိုသိ..'?
''မင်းငါ့ကိုဘာလို့ဖုံးကွယ်နေတာလဲ..မင်းသိလားအဲဒီအချိန်တုန်းက မင်းငါ့ကိုပစ်ပယ်ထားသလိုခံစားရတယ် မင်းသိလား..''
မင်း..!!မင်းဘယ်လိုစကားတွေပြောနေတာလဲ.. မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား မင်းသိရဲ့သားနဲ့မင်းမလို့လုပ်ရက်တယ်
''ငါမင်းကိုအတည်လိုက်မယ်ဆိုရင်ရော''
ငါဘယ်တော့မှလက်မခံဘူးမင်းမှတ်ထားပါ''..
ရန်ပိုင်သော်သူ့ပြောတဲ့စကားအဓိပါယ်ကိုသိပေမဲ့ သူတို့နှစ်ယောက်ကလုံးဝမဖြစ်နိုင်ပါ ကိုယ်ကိုတိုင်ကလည်းဒီလိုအဖြစ်မျိုးကိုလက်ခံဖို့ဆိုတာ စဉ်းစားရအုံးမည်
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...