အီး...ဟီး....''
မင်းဘာလို့ဒီမှာလာငိုနေတာလဲ..?
အင်..ခင်ဗျားကဘယ်သူလဲ..?
''ငါက ဝိညာဥ်ဘဲသေပြီးသားလူပေါ့..''
ငြိမ်းသူရတစ်ယောက်သူ့ဘေးနားလာထိုင်ရင်းဆိုနေရှာတဲ့လူကို ထပ်မေးလိုက်သည်။
'ကျွန်တော်လည်းသေပြီးသားဘဲလေ.မဟုတ်ဘူးလား.'
မဟုတ်ဘူး.မင်းကမသေသေးဘူးရှင်နေတုန်းဘဲ..
''အင့်ဟင်း...ကျွန်တော်ကသေပြီးသားပါ ခင်ဗျားလိမ်နေတာ..ကိုကိုက ကျွန်တော့်ကိုစွန့်ပစ်သွားပြီ ''
ငါပြောတာယုံ..ဟိုမှာကြည့်စမ်းသူမင်းကိုဘယ်လောက်ချစ်တာမင်းတွေ့လား..။
ငြိမ်းသူရသူ့ညွှန်ပြရာနေရာကိုကြည့်လိုက်တော့သူ့လက်ကိုဆုပ်ကိုင်းရင်းငိုနေရှာတဲ့ကိုကိုကြောင့်လူက မျှော်လင့်ချက်ရှိလာသည်။ ကိုကို့ ကိုယ်အနီးကပ်ကြည့်လိုက်ချိန် ပိန်လာပြီး..နူတ်ခမ်းမွှေးတွေလည်းရှည်ပြီးအရင်ကချောမောမှုအပြည့်နဲ့ပုံမဟုတ်တော့ပါ။
သူစိတ်လှုပ်ရှားစွာနဲ့သူ့ဘေးကလူကိုမေးလိုက်သည်။ကျွန်တော်ဘယ်လိုပြန်ရမှာလဲ..ပြောပြပါ..
''မင်းခုရောက်နေပြီလေ..''
'..အင်..'
ငြိမ်းသူရတစ်ယောက်ကြောင်အစွာဖြင့်သူ့ကိုစိုက်ကြည့်နေမိသည်။သူကလက်ဖျောက်တချက်တီးပြီးပျောက်ကွယ်သွားသည်အထိကျွန်တော်ကြည့်နေမိသည်။ကျွန်တော်အတွေးထဲမှာဘယ်လိုပြန်ဝင်ရမလဲလို့သာတွေးနေမိတော့သည်။
သူတွေးနေရင်းစူးစူးနဲ့အနံသက်ကြောင့်သူခေါင်းမူးလာခဲ့ရင်းအိပ်ပျော်သွားတော့သည်။--------------------------------------
ခွန်းစစ်မှုးတစ်ယောက်ဘယ်နှစ်ရက်မှန်းလဲမသိ၊ကျောင်းလဲမသွားနိုင်ဖြစ်နေသည်။သူခံစားနေရတာတွေကိုဘယ်သူကသိမည်နည်း။သူမျက်နှာသစ်ပြီးငြိမ်းသူရနားဆီပြန်လာလိုက်ရင်းနဖူးကိုတချက်နမ်းလိုက်သည်။
သူနမ်းပြီးထထွက်ဖို့အလုပ်ငြိမ်းသူရရဲ့လက်လှုပ်လာလို့သူဆရာဝန်ကိုအပြန်ခေါ့လိုက်သည်။ဆရာဝန်တွေနဲ့ငြိမ်းသူရသူငယ်ချင်းတွေလည်းရောက်လာကြသည်။
မလာနိုင်တော့တဲ့လူကိုတော့ Vcနဲ့ဘဲစကားပြောခဲ့ကြသည်။
ဆရာဝန်စမ်းသပ်တဲ့အထိသူတို့ငုတ်တုတ်ထိုင်နေကြသည်။ ဆရာဝန်ကသူတို့ဘက်လှည့်ပြုံးပြလိုက်မှ စိတ်ထဲသက်သာသွားတော့သည်။
ခွန်းစစ်မှုးတစ်ယောက်ဆရာဝန်နားသွားရင်းမေးလိုက်သည်။
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...