Part16 Zawgyi

46 1 0
                                    

ငြိမ်းသူရမနေ့ထဲက ဟိန်းမင်းသူစကားကြောင့်ခွန်းစစ်မူးနဲ့ မပြောဖြစ်ပါ
သူ့စကားတွေကိုမကြားချင်တော့သလို သူ့မျက်နှာကိုလည်းမမြင်ချင်တော့ပါ
ဒီမနက်မှာလည်းသူ့မလာခင်ကျောင်းကိုအစောကြီးထွက်သွားလိုက်သည်
ဖုန်းcallတွေကလည်းမနည်းဖြစ်နေပေမဲ့ ကြည့်ချင်စိတ်ကလုံးဝမရှိပါ
သူကန်ဘောင်မှာထိုင်နေတုန်း သူ့ဘေးနားရောက်လာတဲ့ခြေတစ်စုံကိုမြင်တာနဲ့ ပြေးထွက်လာလိုက်သည်
ဒီခြေတစ်စုံက သူ့ဘဝကိုနင်းချေနေသလို သူ့နှလုံးသားကိုလည်းစုတ်ပျက်သက်အောင်လုပ်နေသည်

ငြိမ်း..''

ခွန်းစစ်မူးတစ်ယောက် မနက်ထဲက သူ့ကိုမတွေ့ချင်လို့အစောကြီးထသွားတဲ့အကောင်ပေါက်ကြောင့် လူက စိတ်မချဖြစ်နေသည် စိတ်မချလို့ဘဲ ေကျာင်းကသူ့သူငယ်ချင်းဆီသွားတာ မရှိဘူးဆိုလို့ သူအကြိုက်ဆုံးနေရာဖြစ်တဲ့ ကန်ဘောင်ကိုလာခဲ့သည်
သူကန်ဘောင်ကိုရောက်တော့ မျက်နှာလေးညိုးစွာထိုင်နေတဲ့ချစ်ရသူကိုကြည့်နေမိသည်
ကြည့်မိလေလေ ကိုကိုယ့်တိုင်တောင်မီးလိုတောက်လောင်နေသည်
သူသွားလိုက်တော့ ထွက်ပြေးသွားတဲ့အကောင်ပေါက်ကို လှမ်းဖမ်းလိုက်သည်
သူဖမ်းလိုက်တော့ သူ့ကိုရုန်းနေတဲ့ကောင်လေးကိုတင်းနေအောင်ဖက်ထားလိုက်သည်
ဒီတခါသာထွက်ပြေးမိရင်သူ့ကိုယ့် ကိုယူကျူံးမရဖြစ်မိမှာအသေအချာပင်

လွှတ်ပါ..ကျွန်တော့်ကိုလွှတ်.!!

မလွှတ်ဘူး ငြိမ်း'' ငြိမ်းကို ကိုယ်လက်မလွှတ်နိုင်ဘူး..ကိုယ်သေရင်သေပါစေ..

လွှတ်..ကျွန်တော့်ကို.. ''

''ငြိမ်းကိုယ်ပြောတာဆုံးအောင်နားထောင်ပေးရင်လွှတ်မယ်''

.......

ပြန်မဖြေလာတဲ့ကောင်လေးကြောင့်သူစိတ်အေးသွားသည်
သူငုံကြည့်လိုက်တော့မျက်ရည်တွေရွဲနေတဲ့ သူ့ပါးပြင်လေးကိုသုတ်ပေးလိုက်သည်
သူသုတ်ပေးတော့သူ့ကိုမော့ကြည့်နေတဲ့ ကောင်လေးကိုပြုံးပြလိုက်ပြီးခေါင်းကိုဖွဖွလေးနမ်းလိုက်သည်
.
ချစ်တယ်ငြိမ်း''

ခင်ဗျား..ကျွန်တော့်ကိုညာနေတယ်လို့ထပ်မပြောပါနဲ့တော့ ကျွန်တော်ခင်ဗျားရဲ့တစ်ခုချင်းစီတိုင်းကိုသဘောကျတယ် အမြဲတမ်းခင်ဗျားဘေးမှာနေချင်မိတယ်
ငြိမ်းသူရ ၊ခွန်းစစ်မူးကိုမော့ကြည့်ရင်းရင်တွင်းစကားကိုဖွင့်မပြောမိပါ
သူပြောလိုက်ရင်ကော သူ့ကိုလက်ခံမလား..ထပ်ပြီးဘဲရယ်စရာပြက်လုံးလိုသဘောထားနေမလား..

That's My Boy (Completed )Where stories live. Discover now