Part17 Zawgyi

45 1 0
                                    

ရန်ပိုင်သော်မနေ့ကမင်းဘုန်းခန့်စကားများပြီးတဲ့နေကစပြီးသူ့ကိုမမြင်ရတော့ပေ တွေ့ချင်ပေမဲ့ဦးနှောက်ကသွားခွင့်မပေးပါ အတန်းရှေ့ဖြတ်သွားရင်လည်း သူ့ကိုမမြင်သလိုဟန်ဆောင်ပြီးထွက်သွားတတ်တဲ့သူကြောင့်ကျွန်တော့်ရင်ထဲနာကျင်ခံစားလာရသည်
ဒီဝေဒနါတွေပျောက်သွားရင်ကောင်းမည်
ရန်ပိုင်သော် အပြင်ကပြန်လာတုန်း လမ်းမှာရန်ဖြစ်နေတဲ့လူတွေကိုဖြတ်လာခဲ့သည်
သူအကြောင်းမပါလို့ဖြတ်လာခဲ့ပေမဲ့ မြင်လိုက်ရတဲ့သူရဲ့မျက်နှာကြောင့် သူထိတ်လန့်သွားသည်
သူပြန်လာပြီး မင်းဘုန်းခန့်ဆီအပြေးပြန်လာခဲ့လိုက်သည်
သူမြင်လိုက်ရတဲ့မျက်နှာမှာတော့ သွေးအလိမ်းလိမ်းနဲ့ရစရာမရှိဖြစ်နေသည်
သူသွားလိုက်ပြီးမင်းဘုန်းခန့်ကိုဆွဲထူလိုက်သည်
သူဆွဲထူတာကိုရုန်းပြီးထွက်သွားတဲ့သူ့ကြောင့်ကျွန်တော်ရပ်နေခဲ့မိသည် သူကျွန်တော့်ကိုလက်လွှတ်လိုက်တာလား.ဒါမှမဟုတ် ကျွန်တော့်ကိုတွန်းထုတ်နေတာလား...

သူအပြေးသွားပြီးနောက်ကနေမင်းဘုန်းခန့်ကိုဖက်ထားလိုက်သည်
မင်းဘုန်းခန့်ခင်ဗျာသူ့ကိုလာဖက်တဲ့သူကြောင့်လန့်သွားသည် လန့်သွားတာထက်ရင်ခုန်တာဆိုပိုမှန်မည်
သူပြောတဲ့စကားကြောင့်ကျွန်တော့်သူကိုသွားမတွေ့ဖြစ်ပေမဲ့ သူငယ်ချင်းတွေရဲ့သတင်းကြောင့်သူကြားမိသည်

အခုတလောပိုင်း ရန်ပိုင်သော်နေမကောင်းဖြစ်ပြီးပိန်ကျသွားသည် ကိုလည်းသိသည်
အဲဒါတွေသိလို့သူမသိချိန်သူ့အိမ်ကို delivery ပို့ဆောင်နေသလိုဆေးတွေအပြင်မုန့်တွေပါလာပို့ဖြစ်သည်
အခုလည်းသူထိခိုက်မှာစိုးလို့ထွက် လာခဲ့တာကိုနောက်ကနေသိုင်းဖက်ထားတဲ့ ရန်ပိုင်သော်ကြောင့်သူဝမ်းသာမိသည်
သူပြန်လှည့်လိုက်ပြီးရန်ပိုင်သော့်ကိုတင်းနေအောင်ဖက်ထားလိုက်သည်

ငါတောင်းပန်ပါတယ် ''ငါစိတ်ကိုမသိခဲ့လို့မင်းနဲ့ငါအခုလိုဖြစ်ရတာပါ''

'မဟုတ်တာကွာ'..ရန်ကြောင့်မဟုတ်ပါဘူးကိုယ့်ကြောင့်ပါ'

ဟင့်အင်း...ငါကြောင့်ပါ..ငါကြောင့်.''

''ဟုတ်ပါပြီမငိုနဲ့တော့နော်'' ကြည့်ပါဦး..

အင်..

That's My Boy (Completed )Where stories live. Discover now