Part5 Zawgyi

85 1 0
                                    

တီ.....
ငြိမ်းသူရထတော့လေ

လာပြီအမေ..
ငြိမ်းသူရရေမိုးချိုးအဝတ်စားလှဲ ပြီးအောက်သို့ဆင်းလာခဲ့သည်
အောက်ရောက်တော့ မွှေးကြိုင်နေတဲ့နန်းကြီးသုပ်ကသူ့ကိုဆွဲဆောင်နေသည် သူခုံမှာထိုင်လိုက်ပြီးစားဖို့လုပ်လိုက်သည်
သူမစားခင်သူ့အဖေကိုမေးလိုက်သည်

အဖေကျွန်တော်တို့ဘယ်နေ့ပြောင်းရမှာလဲ

ဒီညနေသား

မြန်လိုက်တာနော်..
ငြိမ်းသုမေတစ်ယောက် နန်းကြီးသုပ်စားရင်းဆိုသည် သူစဉ်းစားထားတဲ့အတိုင်းပြောလိုက်ရင်ကောင်းမယ်လို့ထင်လိုက်သည်

အင်း..အဖေကျွန်တော်အလုပ်လုပ်ချင်တယ်

သားအဆင်မပြေလို့လား..

မဟုတ်ပါဘူး ကျွန်တော်ကျောင်းတက်ရင်းအလုပ်လုပ်ချင်လို့ ညီမလေးကိုတော့မလုပ်ခိုင်းစေချင်သေးဘူး..

ကိုကြီးနောက်ကျသွားပီ သမီးကုန်တိုက်မှာလျှောက်ထားတယ်

ဘာ..နင်မလုပ်နဲ့အလုပ်လုပ်တယ်ဆိုတာလွယ်တာမဟုတ်ဘူး..

သမီးသိတယ်လေ ကိုကြီးတောင်လုပ်နေတာ ကိုကြီးနဲ့သမီးက၁နှစ်ဘဲကွာတာနော်

လုပ်ချင်သပါ့ဆိုလည်းလုပ် ဒါပေမဲ့အရမ်းမလုပ်ရဘူး

thank my son

what..I can't your son and i don't like
.
ဘိုလိုတွေမူတ်နေပြန်ပြီ..

မကျေနပ်ရင်ပြန်ပြောလေ
ငြိမ်းသူရသူ့ညီမကိုမျက်ခုံးပင့်ပြလိုက်တော့ သူ့ကိုဒေါသထွက်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်

what the fuck!

နင်ငါ့ကို...
ငြိမ်းသုမေသူ့အကိုကို ပြောပြီးလွယ်အိတ်အမြန်လွယ်ရင်းတန်းထွက်လာခဲ့သည် သူ့အကိုကလည်းနောက်ကလွယ်အိတ်ကို ကိုင်ရင်းအမှီလိုက်လာသည်
မောင်နှမနှစ်ယောက်ထွက်သွားတဲ့ ပုံကိုကြည့်ရင်းသူ့အဖေနဲ့အမေပျော်ရွှင်မိသည်
သူ့တို့သားနဲ့သမီးက သူတို့တွက်ဘုရားပေးတဲ့ဆုလဒ်ပါဘဲ..

ယောက်ျားရယ်ကျွန်မတို့ သားနဲ့သမီးအနာဂတ်တွက်စိတ်ချသွားပြီ

ကိုယ်ကောဘဲ သားကလူကောင်သာသေးတာ စိတ်ကသံမဏိလိုဘဲသမီးက သူ့အကို့ ကို မာကြေမပေးတဲ့ပုံနဲ့တင် အကိုစိတ်ချပြီ သူတို့ဘဝတွက်အကောင်းဆုံးလက်တွဲဖို့သူတို့ဘာသာရှာပါစေ

That's My Boy (Completed )Where stories live. Discover now