Part6 Zawgyi

90 1 0
                                    

ပွမ်ပွမ်...

မြန်မြန်လုပ်မိန်းမရေကားလာနေပြီ

အေးပါ..
ငြိမ်းသူရမိဘနှစ်ပါးမှာအထုပ်ကိုယ်စီနဲ့ ကားပေါ်တင်လိုက်ကြသည် သူကတော့အိမ်ကိုကြည့်ရင်းသက်ပြင်းချမိသည်
.
ငါပြန်လာခဲ့မယ်ပိုက်ဆံအများကြီးရှာပြီးငါ့အိမ်လေးကိုပြန်လာဝယ်မယ်
ခဏဘဲသည်းခံပါ
.
လာလေသား.
လာပြီအမေ
ငြိမ်းသူရသူ့လွယ်အိတ်လေးလွယ်ရင်းကားထဲဝင်ထိုင်လိုက်သည်
သူတို့ကားလေးစထွက်တော့ ငြိမ်းသူရကားပြတင်းပေါက်ကိုဘဲကြည့်နေမိသည် လက်တွေကိုအပြင်ထုတ်ရင်းအတွေးများစွာကခေါင်းထဲရောက်နေသည်
သူလက်တွေထုတ်နေရင်းမျက်နှာပေါ်လာကျီစယ်နေတဲ့လေညင်းလေးရယ် နေရောင်ခြည်ရယ်ကသူ့ကိုစိတ်မဆိုးပါနဲ့လို့ပြောနေသလိုပင်
သူတို့စီးလာလိုက်တာ ၂နာရီလောက်ကြာသွားသည် ကားလေးက ခြံကျယ်ကြီးနဲ့ ကျွန်တော်တို့တွက်၃ဆကြီးတဲ့အိမ်သို့ရောက်သွားသည်
ခြံထဲမှာ ပန်းပေါင်းစုံရှိနေပြီးထိုင်ဖို့ ရွှေဒန်းလေးလည်းရှိသည်
သူတို့ကားကအိမ်ရှေ့ရပ်သွားတော့ အဖေကိုထွက်ကြိုတဲ့လူတချို့ကိုတွေ့လိုက်သည်
အဖေကလည်းအဲ့ဦးလေးကို ဝမ်းသာအားရနူတ်ဆက်နေသည်

ကျွန်တော်လည်းအဖေသူငယ်ချင်းအိမ်ကဒီအိမ်တဲ့လား ကျွန်တော်နဲ့ငြိမ်းသုမေမှာ ပါးစပ်မစိနိုင်ဖြစ်နေသည် ခေါင်းထဲမှာလည်းမယုံနိုင်စရာအတွေးပေါင်းစုံဖြစ်နေသည်

ဝင်ကြလေကလေးတွေ..

ဗျာ..

ရှင်..
ကျွန်တော်တို့မောင်နှမနှစ်ယောက် တပြိုင်နှက်ထဲဖြေလိုက်ကြသည် အန်တီကြီးတစ်ယောက်ထွက်လာရင်းသူတို့ကိုခေါ်နေတာဖြစ်သည် အဲ့အန်တီကြီးကိုကြည့်ယုံနဲ့ သူ့အရှန်အဝါကမသေးပါ ကျွန်တော်ခေါင်းတောင်ငုံမိသွားသည် ပြန်မကြည့်ရဲတာဆိုပိုမှန်သည်
.ကျွန်တော်တို့အိမ်ထဲဝင်လာတော့ အခန်းထဲမှာပရိဘောဂအစုံအလင်နဲ့ ဧည့်ခန်းကခုံတွေတောင် ကျွန်းခုံတွေဖြစ်သည်
ကျွန်းတောင်ရိုးရိုးကျွန်းမဟုတ်ပါ ကျွန်းအစစ်ဖြစ်သည် ဘာလို့လဲဆိုကျွန်းအစစ်တွေက ပိုမိုခိုင်ခံပြီးလေးလံနေသလို အရည်အသွေးလည်းမိုက်သည်

That's My Boy (Completed )Where stories live. Discover now