''ငြိမ်းထတော့လေ''
ကိုကို..ဟီး.
အိပ်ပုတ်လေး..မထသေးဘဲဘာလုပ်နေတာလဲ..?
အင်ဟင့်.ဘာမှမလုပ်ပါဘူး ဒါနဲ့အပြင်သွားကြမယ်နော်..
သွားမယ်လေ ငြိမ်းရဲ့..
ဟုတ်
ခွန်းစစ်မူး ငြိမ်းသူရခေါင်းကိုပုတ်ရင်းထွက်သွားတော့သည်
သူဒီလိုနေ့မျိုးလေးကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီပေါ့ ကျေးဇူးတင်ပါတယ် ဘုရားသခင် ကျွန်တော့်ဘဝထဲကိုငြိမ်းသူရဆိုတဲ့လူသားကိုလာရောက်ပေးသနားခဲ့လို့ ကျေးဇူးပါ..
ငြိမ်းသူရလည်းသူ့ခေါင်းကိုပုတ်ရင်းထသွားတဲ့ ခွန်းစစ်မူးကိုကြည့်နေမိသည်
တနေ့တနေ့ချောလာတဲ့ကိုကိုကြောင့် ကျွန်တော်စိတ်ညစ်မိသည်
ဒါပေမဲ့လည်း ကျွန်တော်ကိုကို့ ကိုပိုင်ဆိုင်ရခဲ့ပြီလေ ပျော်လိုက်တာ..
သူအမြန်လုပ်ရင်းထွက်လာတော့ သူ့ကိုစူးစိုက်စွာကြည့်နေတဲ့ ညီမတော်ကြောင့် ပျော်မယ့်အစီအစဥ်တွေတောင်ပျက်သွားသည်ငြိမ်းသူရသူ့ညီမအရှေ့လည်းရောက်ရော တည်တည်ငြိမ်ငြိမ်ဖြင့်ထွက်လာလိုက်သည် သူထွက်လာရော နောက်နေကဆောင့်ဆွဲလိုက်တာကြောင့် လူကမိုးပေါ်ပျံချင်သွားသည်
သူလည်းဘုကြည့်ကြည့် ကြည့်ပေးလိုက်သည်''ကိုကြီးနဲ့ အကိုခွန်းစစ်ရည်းစားဖြစ်တာမပြောဘူးနော်''
မဟုတ်ပါဘူး..
လိမ်နေတာပါ သမီးသိတယ်နော် fujoushi မရဲ့အစွမ်းပါ ဒါတွေသိတယ်..
သိရင်လည်းပြီးတာဘဲ.ငါနဲ့လည်းမဆိုင်ဘူးမှတ်ထားနော်
ချေမိုးပြီးထွက်သွားတဲ့အကို ကိုကြည့်ရင်းငြိမ်းသုမေဒေါသထွက်လာမိသည်
ဘယ်နှယ့်လင်ရသွားတော့လည်းညီမကိုတောင်ပလင့်သွားသည်''တော်တော်စိတ်ပုတ်တဲ့ကိုကြီး''
ငြိမ်းသူရပြောပြီးချင်းအမြန်ထွက်လာခဲ့သည်
သူထွက်လာရော စောင့်နေတဲ့ခွန်းစစ်မူးနားပြေးသွားလိုက်သည်ကိုကို''
ခွန်းစစ်မူးသူ့ကိုခေါ်ပြီးပြေးလာတဲ့အကောင်ပေါက်ကိုဆွဲဖက်ထားလိုက်သည် ဒီကလေးလေးအရမ်းသွက်နေသည်
သူနဲ့အစတုန်းကဆိုဘုနဲ့ဘောက်ပြောတဲ့ကလေးက အခုသူ့ကို ကိုကိုလို့ခေါ်တာထူးဆန်းသည်
ပြီးတော့ t shirtအဝါရောင်လေးနဲ့ ဂျင်းဘောင်းဘီ အညိုရောင်ဒူးအတိကိုဝတ်ထားတာကအစချစ်ဖို့ကောင်းသည်
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...