Part23 Unicode

134 9 0
                                    

ရန်...''

''......''

'ရန်ရေ.. ကိုယ်ပြောနေတယ်လေကွာ..အဲ့လိုမဟုတ်ဘူးလို့..'

''မင်းကလေ အဖြစ်မရှိတဲ့ကောင်.ငါဆီကနေလည်းအဖြေတောင်းပြီး..အခု.နောက်လူကို......''

ရန်ပိုင်သော်စကားဆက်မပြောတော့ဘဲမင်းဘုန်းခန့်ကိုတချက်ကြည့်ရင်းလှည့်ထွက်လာလိုက်သည်။ အဖြေမရရင်သေတော့မယ့်လို့ပြောတဲ့လူကြောင့် ဒီကလည်းသူနဲ့ထပ်တူအဖြေပြန်ပေးဖို့လုပ်ရင်း သူ့တို့အတူလာနေကျနေရာကိုလာတော့မြင်လိုက်ရတဲ့ပုံရိပ်ကြောင့် လူကဒေါသထွက်သွားသည်။ ဒေါသဘဲထွက်တာလား၊မျက်လုံးထဲကနေနာကျင်လို့ဆီးကျလာတဲ့မျက်ရည်တွေကိုဂရုမစိုက်နိုင်ဘဲ ထွက်လာလိုက်သည်။ ဘယ်ချိန်ထဲကသူ့နောက်ကိုလိုက်လာမှန်းမသိပါ၊ အခုလည်းသူ့လ​က်ကိုဆွဲပီးသူ့ကိုဖက်ပြီးချုပ်ထားလို့လူကရုန်းလို့မရဖြစ်ရသည်။

မင်းဘုန်းခန့်တစ်ယောက် ဒီနေ့clubတက်ရင်းသူ့အရင်ရည်းစားကသူ့ဆီလာပြီးပြန်တွဲမယ်ပြောနေလို့ သူလူရှင်းတဲ့နေရာဆီဆွဲခေါ်လာလိုက်သည်။ သူကိုပြတ်ပြီလို့ပြောပေမဲ့တစိတ်ရှိမျက်ရည်စမ်းစမ်းနဲ့ကျနေတဲ့သူမကိုသနားလည်းသနားသည်။သူပြောပြီးထွက်လာဖို့ကျန် သူ့လက်ကိုဆွဲပီးတောင်းဆိုနေတဲ့သူမကြောင့်ခဏသူနဲ့နေပေးလိုက်သည်။ သူနေပေးပြီးသူ့နူတ်ခမ်းကိုလာနမ်းတဲ့သူမကိုတွန်းထုတ်ဖို့ကျွန်တော်ရပ်တန့်မိသွားသည်။ ဘာကြောင့်မှန်းလဲမသိပါ ၊ ခဏကြာတော့လူတစ်ယောက်ကအမှောင်ထဲကနေထွက်ပြေးသွားသည်ကိုမျက်လုံးထောင့်ကမြင်ပြီးသူမကိုတွန်းထုတ်လိုက်သည်။

ကျွန်တော်သွားဖို့လုပ်တော့လက်ကိုလာဆွဲတဲ့သူမကိုအပြတ်ပြောခဲ့လိုက်သည်။ နောက်ကသူမဘယ်လိုကျန်ခဲ့လဲကျွန်တော်စိတ်မဝင်စားတော့ပါ ကျွန်တော့်စိတ်ထဲမှာ ရန်ပိုင်သော်မဟုတ်ပါစေနဲ့လို့ ကြိတ်ဆုတောင်းနေမိသည်။
သူပြေးလာတော့အရှေ့မှာကျောပြင်လေးကတုန်ပြီးငိုနေတဲ့လူကိုဝင်ဖက်လိုက်သည်။
ကျွန်တော်ဖက်လိုက်တော့ ကျွန့်တော့်ကိုရုန်းပြီးခါးခါးသီးသီးပြောတဲ့စကားတွေကနာကျင်စေသည်။ အထူးသဖြင့်မခံစားနိုင်တော့တဲ့နှလုံးသားလေးပေါ့။.
အခုလည်းသူ့ကိုပြောပြီးထွက်သွားသူကိုဆွဲလိုက်ပြီးသူ့ကိုတင်းကြပ်စွာဖက်ထားလိုက်သည်။ အစကရုန်းပြီးငြိမ်ကျသွားတဲ့သူကြောင့်ကျွန်တော်သက်ပြင်းချလိုက်ရင်းရှင်းပြလိုက်သည်။

That's My Boy (Completed )Where stories live. Discover now