Part22 Unicode

150 10 0
                                    

ဝေယံထတော့လေ...

အာ..ဗျာ အမေကလည်း..

ဟဲ့ထ ငါ့နဲ့လိုက်ခဲ့လို့ညကပြောထားတယ်လေ..

နိူင်းဝေယံတစ်ယောက်မထချင်ထချင်နဲ့ထလိုက်ပြီး သူ့အမေကိုတချက်လှမ်းကြည့်လိုက်သည်။ သူ့အမေကလည်းလှမ်းရှိုုးနေတာမြင်ပြီးသူ့ကိုပြောလိုက်သည်။
သူ့အမေသူ့ကိုပြောလိုက်တဲ့စကားကြောင့်သူလန့်ပြီးထရေမိုးချိူးလိုက်သည်။ ဒီနေ့အမေ့ရဲ့သူငယ်ချင်းနဲ့တွေ့မလို့သူ့ကိုလိုက်ခဲ့ဖို့ပါခေါ်လို့ဖြစ်သည်။ သူရေမိုးချိုးပြီးပေါ့ပေါ့ပါးပါး တီရှပ်အပြာရောင်လေးကို ဂျင်းဘောင်းဘီဒူးတိ နက်ပြာလေးဝတ်ဆင်လိုက်သည်။ ဒါတောင်ချမ်းမာစိုးလို့အပေါ်က လက်ရှည်အပါးအဖြူလေးဝတ်ထားသည်။
သူအမြန်ပြင်ဆင်ပြီးအောက်ရောက်တော့အသင့်စောင့်နေတဲ့အမေဆီပြေးသွားလိုက်သည်။

သူ့အမေကလည်းသူ့ကိုခေါ်ပြီးအိမ်ကထွက်လာလိုက်သည်။
သူတို့သူငယ်ချင်းတွေထိုင်နေကြ ကော်ဖီဆိုင်သို့ရောက်လာကြသည်။
သူ့အမေနဲ့သူကထိုင်စောင့်နေပြီးမကြာ သူ့သူငယ်ချင်းအမေနဲ့အတူယောကျ်ားလေးတစ်ယောက်လည်းပါလာသည်။ သူ့နဲ့မဆိုင်လို့သူတခြားနေရာဘဲမျက်နှာမူလိုက်သည်။ သူတခြားဘက်မျက်နှာမူနေပေမဲ့သူ့ကိုဘဲလှမ်းလှမ်းကြည့်နေတဲ့လူကြောင့်လန့်လာသည်။

အဲ့လူကိုကြည့်ချင်ပေမဲ့ တကိုယ်လုံးအပြင်မျက်နှာပါမမြင်အောင်ဖုံးထားတော့ကျွန်တော်သိနေတဲ့သူဆိုရင်လည်းသိမယ်မထင်။
သူ့အမေကလည်းကြည့်ရင်းမိတ်ဆက်လိုက်သည်။

'ထက်နွယ်ရေ ဒါငါ့သားနိူင်းဝေယံတဲ့..'

အယ်တော်..!!ငါဝင်လာတည်းကတွေ့တယ် နင့်သားမှန်းငါမသိဘူး.ချောချောလေးဘဲ။

''ကျေးဇူးပါအန်တီ.''

နိူင်းဝေယံလည်းသူ့ကိုချီးကျူးစကားဆိုနေတဲ့အန်တီကြောင့်ရှက်စိတ်ဝင်လာသည်။ သူ့အမြန်နူတ်ဆက်လိုက်ပြီးကျေးဇူးတင်ကြောင်းပြောလိုက်သည်။
အန်တီကမိတိဆက်ပြီးတော့သူ့ဘေးကယောကျ်ားလေးတစ်ယောက်ကိုပြောသည်။
သူကလည်းကျွန်တော့်ကိုကြည့်ပြီးမိတ်ဆက်လိုက်တဲ့နာမည်ကြောင့်လူကရင်ခုန်သွားသည်။

That's My Boy (Completed )Where stories live. Discover now