Part10 Unicode

228 10 0
                                    

တူ....တူ..

ဟယ်လို..

ကိုယ်ပါငြိမ်း'

ဘာ..?'ဘာလဲပြော'

အဲ့လိုဘဲပြောနေတော့မှာလား ဒီနေ့ကကျောင်းပိတ်ရက်လေ

သိတယ် ဘေအလကားအကုန်ခံနေတာလား တအိမ်ထဲနေပြီးတော့ "

မဟုတ်ပါဘူး.. ကိုယ်ကအပြင်မှာ..

ခင်ဗျားလူကို အဲ့လိုမပြောနဲ့ကြ က်သီးတောင်ထတယ်

ဒါဆိုကိုယ်နေရာအတည်ကျကိုmessageပို့ပေးလိုက်မယ် လာခဲ့..

ခင်ဗျား..!ဟယ်လို..ဂါး..ဘယ်လိုလူလဲမသိဘူး

ငြိမ်းသူရရေမိုးချိုးအဝတ်စားလှဲ ပြီးသူချိန်းတဲ့နေရာရောက်လာခဲ့သည် သူလည်းရောက်ရော ထိုင်ခုံပေါ်ထိုင်နေရင်းစာဖတ်နေတာတောင်အရမ်းကြည့်ကောင်းသည်
အပေါ်က အကျီအမဲရောင်ဝတ်ထားပြီးဘောင်းဘီနက်ပြာကိုဝတ်ထားသည်
ထပ်ပြီးအကျီလက်ရှည်ပေါ့ပေါ့ပါးပါးကိုလည်းဝတ်ထားသည်
သူကြည့်နေရင်းဘယ်တည်းကသူ့အရှေ့ရောက်နေလဲမသိပါ

ဟိတ်..လာလေ

အင်း..

သူလည်းထိုင်ခုံပေါ်ထိုင်ပြီးသူရှေ့ကော်ဖီတခွက်ချပေးသည် သူလည်းမနက်စာဘာမှမစားရသေးလို့မုန့်ပါထပ်မှာလိုက်သည်
.
ပြော..

မနက်ဖြန်ကျရင်ငါပွဲတခုတက်ရမှာမင်းငါ့panterအနေနဲ့တက်ရမယ်

ရတယ်.. တက်ပေးမယ်

ခင်ဗျားက company ကိုဦးစီးတော့မှာလား

ဟုတ်တယ် ..

ငြိမ်းသူရမပြောတော့ဘဲမုန့်စားလိုက်သည် ပြီးတော့သူတို့ suitရွေးဖို့ရောက်လာကြသည်
သူကချမ်းသာတယ်ဆိုတော့ ဒါတွေကသူ့တွက်အပိုတွေလိုပင် ကျွန်တော်ဖိနပ်တရံကိုကြည့်လိုက်ချိန် မျက်လုံးတွေပြူးထွက်ပြီးပါးစပ်ကပြောမဲ့စကားကိုအမြန်ပိတ်လိုက်သည်

သိန်း၁၀၀၀.! ငါ့ကိုသေအောင်သတ်နေတာဘဲ

မင်းနဲ့ဆိုအပြာလေးကလိုက်မှာ..ဝတ်ကြည့်

အင်း

ငြိမ်းသူရကိုsuitပေးပြီးသူကတော့ အပြင်မှာထိုင်နေသည် ငြိမ်းသူရဝတ်ပြီးထွက်လာတော့သူ့ကို သေချာကြည့်နေတာကြောင့်လူကဒီမှာမနေချင်တော့ပါ

That's My Boy (Completed )Where stories live. Discover now