ငြိမ်း..''
ငြိမ်းသူရတစ်ယောက်မိုးရေတွေစိုရွှဲရင်းအိမ်ထဲဝင်လာသည်
ငြိမ်းသူရမှာမျက်ရည်တွေရွှဲနေပြီးခွန်းစစ်မူးကိုပြေးဖက်လိုက်ပြီးငိုချလိုက်သည်
ခွန်းစစ်မူးမှာလည်းသူ့ကိုပြေးဖက်တဲ့ငြိမ်းသူရကိုတင်းကြပ်အောင်ပွေ့ဖက်ထားလိုက်သည်
သူ့လည်းချမ်းနေမှာစိုးလို့အခန်းထဲခေါ်လာလိုက်သည်
သူတို့နှစ်ယောက်အခန်းထဲမှာတိတ်ဆိတ်စွာထိုင်နေကြသည် ဘယ်သူတစ်ယောက်မှလည်းစကားမစခဲ့သလို ငြိမ်းသူရက ခွန်းစစ်မူးကိုဖက်မြဲတိုင်းဖက်ထားဆဲပင်
ခွန်းစစ်မူးတစ်ယောက်ငြိမ်းသူရဖက်ထားတာကိုရုန်းလိုက်ရင်းသူ့ကိုမော့ကြည့်လာတဲ့အကောင်ပေါက်ကိုမေးလိုက်သည်''ဘာဖြစ်လာတာလဲ ငြိမ်း''
'ကိုကို.'.'ကျွန်တော်ယုံကြည့်ရတဲ့အကိုကလေ ကျွန်တော့်ကိုညီတစ်ယောက်ထပ်ပိုနေခဲ့တာတဲ့ သူက ကိုကိုနဲ့ကျွန်တော်ချစ်သူ..တွေဖြစ်လို့ကျွန်တော်တို့ကိုသွေးခွဲတာတဲ့'
ဟူး..ကိုယ်သိတယ်လေ''
ဟင်.ကိုကိုကဘယ်လိုသိနေတာလဲ..?
ငြိမ်းသူရ ၊ခွန်းစစ်မူးသိနေတာကိုမယုံနိုင်ဖြစ်နေသည် ခွန်းစစ်မူးမှာလည်းသူ့ကိုမယုံစွာကြည့်နေတဲ့ချစ်ရသူရဲ့ခေါင်းကိုပွတ်ပေးလိုက်သည်
''ကိုယ်သိတာပေါ့..အဲဒါကြောင့်ငြိမ်းနဲ့သူ့ကိုမပတ်သက်ခိုင်းတာလေ'' ငြိမ်းကမှမသိတာ..
ခွန်းစစ်မူးရဲ့စကားသံကိုကြားပြီးချင်းငြိမ်းသူရငိုချလိုက်သည် ကိုကိုကသိလို့တားခဲ့တာကိုသူကပြန်ပြောနေသေးသည်
သူအရမ်းမှားခဲ့တာဘဲ.. ကိုကို ကိုယ်ပြန်ပြောမိတဲ့အမှားတွေပါလား..
ခွန်းစစ်မူးမှာလည်းသူရှေ့မှာငိုချလိုက်တဲ့ငြိမ်းကြောင့်လူက လန့်သွားသည်
ဘာများဖြစ်တာလဲပေါ့.. ဒါမှမဟုတ်သူပြောလိုက်တဲ့စကားမှားသွားတာလား..
သူငြိးမ်သူရရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီးပြုံးလိုက်သည်ငြိမ်းဘာဖြစ်လို့ငိုတာလဲ..
''ကိုကို ကျွန်တော်မှားခဲ့လို့ခွင့်လွှတ်ပါ.ကိုကိုပြောတဲ့အတိုင်းကျွန်တော်နားထောင်ခဲ့ရမှာကို..ကျွန်တော်ကိုယ်တိုင်ကမှားနေခဲ့မိတယ်''
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...