ငြိမ်း...ဘယ်တော့သတိရမှာလဲ..?
ခွန်းစစ်မှုးတစ်ယောက်သတိမရဘဲအိပ်နေတဲ့ငြိမ်းသူရလက်ကိုဆုပ်ကိုင်ရင်းမေးနေမိသည်။ ဒီတသက်နိူးထမလာရင် သူ့နှလုံးသားကိုဓားနဲ့ထိုးနေတာလား။ မလုပ်ပါနဲ့လို့ပြောလိုက်ချင်ပေမဲ့ကိုယ့်ကို ဒီတိုင်းကြီးတော့မထားခဲ့လိုက်ပါနဲ့။
ခွန်းစစ်မှုးငိုတော့မဲ့မျက်ရည်တွေကိုထိန်းရင်းအပြင်ထွက်လာခဲ့သည်။ သူအပြင်ထွက်လာတော့သူ့ဆီဖုန်းဆက်လာတာကြောင့်သူကိုင်လိုက်သည်။
သူကိုင်လိုက်ချင်းသူလိုချင်တဲ့အဖြေကိုရလိုက်တာကြောင့်ဝမ်းသာသွားရသည်။
သူဆေးရုံကနေထွက်လာပြီး အိမ်ကိုပြန်လာခဲ့သည်။ အိမ်ပြန်ရောက်ရောက်ချင်း သူ့ကိုစောင့်ကြိုနေတဲ့အဖေဆီသွားလိုက်သည်။အဖေကျွန်တော်ပြောတဲ့အကြောင်းရပြီလား..
'ရပြီသူပုန်းနေတယ်လို့ငါသတင်းကြားထားတယ်'
''.........''
သား..ဘယ်လိုလုပ်မလဲ ဒါနဲ့သားငြိမ်းသတိရပြီလား..?
''မရသေးဘူးအဖေ ကျွန်တော်ဘယ်လိုလုပ်ရမလဲ..ငြိမ်းက ကျွန်တော့်ကိုထားသွားပြီလားမသိဘူး၊ ကျွန်တော်ဘယ်လောက်လှုပ်နိူးနိူးမနိူးဘူးအဖေ ကျွန်တော်လေ..ကျွန်တော်.''
တိတ်တော့ငါ့သား မငိုနဲ့.သားငြိမ်းကမင်းကိုမထားသွားပါဘူး..
''ကျွန်တော့်ကို ဥက္ကာ ရှိတဲ့နေရာကိုပြောပါ ကျွန်တော်လိုက်မလို့''
အင်....
အဖေ ေပြာပါ ကျွန်တော့်ကို..!!
အင်းဟုတ်ပြီလေ အဖေ နောက်မှပို့ပေးလိုက်မယ်ခုတော့အတည်အကျမသိသေးဘူး။
ဟုတ်ကျေးဇူးပါ..အဖေ
ခွန်းစစ်မှုးသူ့အဖေနဲ့စကားပြောပြီး ဥက္ကာ ကိုလိုက်ရှာခဲ့သည်။ သူရှာနေပေမဲ့သတင်းအတည်အကျမှမရတာကြောင့်ပိုဒေါသဖြစ်မိသည်။
သူစိတ်ပျက်လက်ပျက်ဖြင့် barမှာသွားထိုင်နေလိုက်သည်။
သူbarရောက်တော့သူ့ကိုဘဲ ကြည့်နေတဲ့မိန်းမတွေကြောင့်လူက စိတ်ညစ်လာသည်။ သူညစ်ညစ်နဲ့ whisklyတခွက်ကိုမော့ချလိုက်သည်။ လည်ချောင်းထဲစူးစူးနဲ့ခံစားရခက်စေသည်။ သူတခွက်ပြီးတခွက်မော့သောက်လိုက်တာ ဘယ်ချိန်ရောက်မှန်းတောင်မသိတော့ပါ။
သူသောက်ပြီး ကားရှိရာသို့ထွက်လာလိုက်သည်။ သူကားမောင်းရင်းအိမ်ကိုပြန်ချလာခဲ့သည်။ ဖုန်းကိုဖွင့်ကြည့်တော့ ေခါ်ထားတဲ့ misscallတွေအများကြီးဖြစ်နေသည်။ သူဖုန်းပြန်ဆက်လိုက်တော့ ဆေးရုံကဖြစ်လို့လန့်သွားသည်။
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...