မင်းသာ.ငါရဲ့ပထမ..အမြဲတမ်းဦးစားပေးသူ.
မင်းမသိဘဲနဲ့ကွယ်ရာက.. ချစ်နေပြီ..
ဟေ့..ဟေ့..ချစ်နေပြီ
.....ဖြောင်း.....ဖြောင်း...
''အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ''
ရန်ပိုင်သော်သူဆိုတာဆက်မနားထောင်တော့ဘဲစတိတ်ရှိးကနေထွက်လာခဲ့လိုက်သည်။ သူသွားမယ့်နေရာမရှိလို့ ကျောင်းရဲ့ဂိုထောင်ဟောင်းကိုရောက်လာခဲ့သည်။ သူထိုင်ငိုနေတုန်းသူ့ဆီလာပြီးဒူးထောက်တောင်းပန်တဲ့မင်းဘုန်းခန့်ကြောင့်လူက မင်သက်သွားသည်။
သူကြည့်ရတာမောပန်းပြီးစကားတခွန်းစီကိုအားခဲရင်းဆိုနေရှာသည်။သူပြောဖို့စကားတွေရပ်တန့်သွားသည်ထိသူ့ကိုမော့မကြည့်ဘဲတောင်းပန်နေတဲ့ မင်းဘုန်းခန့်ကြောင့်နာကျင်ရသည်။
''ဘာလို့လဲကွာ..ငါယောက်ျားတန်မဲ့ လူတစ်ယောက်ကိုချစ်နေမိခဲ့တယ် သူကလည်းမျိုးတူယောက်ျားဆိုတာငါ့မေ့နေတဲ့အထိဘဲ။''
''ရန်..ကိုယ့်ကိုခွင့်လွှတ်မပေးနိုင်ဘူးလားကွာ..တောင်းဆိုတာပါ. ''
ငါ...လေ..မင်းကိုဒီလိုပုံနဲ့မမြင်ချင်ဘူး..အရင်ကလိုငါ့နဲ့ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ဘဲ မြင်ချင်တယ်။ ငါ့ကြောင့်မင်းခံစားနေရတာကိုလည်းမကြည့်နိုင်ဘူး..
ရန်..ဒါပေမဲ့..
ငါနားလည်တယ်..ငါ့ကိုယ့်ငါသိအောင်ကြိုးစားနေတယ် အတူတူဖြတ်ကျော်ကြမယ်နော်''
'ဝမ်းသာလိုက်တာကွာ.. ကိုယ့်တွက်အခွင့်အရေးကျန်သေးတာပေါ့...'
အင်းပေါ့....''
မင်းဘုန်းခန့် သူသီချင်းဆိုနေရင်းဘယ်ဘက်ရင်ကနာကျင်လာရသည်။ ကျလုဆဲဆဲမျက်ရည်တွေကိုမကျအောင်ထိန်းကာဆိုလိုက်သည်။ သူဆိုပြီးထွက်သွားတဲ့စတိတ်စင်အောက်က ရန်ပိုင်သော့်နောက်ကိုအမြန်လိုက်လာခဲ့သည်။ ဒီတခါပါဘဲ..ရန်.။
သူလိုက်လာတော့ငိုနေတဲ့ရန်ပိုင်သော့်ကိုမကြည့်နိုင်တော့လို့ သူသွားပြီးဒူးထောက်တောင်းပန်လိုက်သည်။
အခုတော့သူအခွင့်ရေးရလိုက်သည့်တွက်ပျော်သည်။ချစ်တယ်ရန်..''
----------------------------------------------------------
စာကြည့်ဆောင်....
YOU ARE READING
That's My Boy (Completed )
Romansပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...