Part18 Zawgyi

47 1 0
                                    

ငြိမ်း''ကိုယ့်နဲ့စကားပြောပါအုံး..

အခုထိငြိမ်းသူရသူ့ကိုစကားမပြောသေးလို့နောက်ကနေတကောက်ကောက်လိုက်နေသည်
ငြိမ်းသူရဒီနေ့ကော်ဖီဆိုင်မှာလူများလို့အလုပ်အမြန်လုပ်နေတာကို ဘေးနားကနေတပီပီလုပ်နေတဲ့ ခွန်းစစ်မူး ကြောင့်ဒေါသထွက်သွားသည်
သူ့ကိုခွင့်မလွှတ်ချင်သေးတာမှန်ပေမဲ့ စကားမပြောရရင်လည်းမနေနိုင်တာကလည်းကိုယ့်အမှားပါ
သူမောသွားတော့ထိုင်ခုံမှာထိုင်ပြီးကျွန်တော့်ကိုကြည့်နေသည် ကျွန်တော်ရီချင်ပေမဲ့အောင့်ထားလိုက်ပြီးသူ့ဘေးနားသွားထိုင်လိုက်သည်
သူ့ကိုအကိုလို့ခေါ်ဖို့ပြင်ပေမဲ့ကျွန်တော့်ပခုံးဆီရောက်ချလာတဲ့သူ့မျက်နှာကြောင့်ကျွန်တော်ငြိမ်ပေးထားလိုက်သည်
သူဝင်လေထွက်လေတိုင်းက ကျွန်တော့်လည်ပင်းကိုလာရိုက်ခတ်နေသည်

ငြိမ်..ကိုယ့်ကိုစိတ်ဆိုးနေတုန်းဘဲလား?

မဆိုးပါဘူး..စိတ်ကောက်ယုံပါ..

သူလည်းပြောပြီးရောခါးကိုတင်းနေအောင်ဖက်ထားတဲ့ခွန်းစစ်မူးကြောင့်သူလန့်သွားသည်
အစကတော့မရုန်းပေမဲ့ကြာလာတော့အသက်ရှူကြပ်လာသည် သူရုန်းပြီးချင်းသူ့နူတ်ခမ်းကိုနမ်းလိုက်တဲ့ခွန်းစစ်မူးကြောင့်လူကအသက်ရှူမဝတော့ပင်
ခွန်းစစ်မူးကသူ့နူတ်ခမ်းကိုအပေါ်တလှည့်အောက်တလှည့်နမ်းပြီးအာခံတွင်းထဲကလျှာကိုကျီစားရင်းနမ်းပြီးနူတ်ခမ်းကိုလွှတ်ပေးလိုက်သည်
သူ့နူတ်ခမ်းကိုပြန်ကိုင်ရင်းအရှေ့ကလူကိုရိုက်လိုက်သည်

ဘယ်လိုလူကြီးလည်းမသိဘူး ''နူတ်ခမ်းကိုကိုက်တယ်..

''ချစ်လို့ပါ..ကွာ.''

တကယ်ချစ်တာလား..

အင်း..ငြိမ်းကိုပြန်မလွှတ်ပေးတော့ဘူးအသေဖတ်ထားလိုက်ချင်ပြီကွာ..

နာတယ်..လွှတ် နျောကိုကို..

ခွန်းစစ်မူးတစ်ယောက် ငြိမ်းသူရကိုလွှတ်ပေးလိုက်ပြီးသူတို့တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းစုံရင်းပြန်ရီမောနေမိသည် .
အချစ်ကဘယ်ကစသိသလဲဆိုရင်ကိုယ်ကမင်းမျက်နှာကိုကြည့်ပြီးပြောမှာဘဲ ငြိမ်း''..

That's My Boy (Completed )Where stories live. Discover now