Part28 Unicode

116 8 0
                                    

''ဝဋ်ဆိုတာနောက်ဘဝမကူးဘူး.. ''

ဇံလင်းထက်နဲ့ခွန်းစစ်မူးပြန်လာတဲ့တလျှောက်လုံးဥက္ကာရဲ့ စကားဘဲ ပြန်ကြားယောင်နေမိသည်။သူတို့ဒီလိုလုပ်ခဲ့လို့ခံရတာလို့ယူဆထားလိုက်ကြသည်။
ဇံလင်းထက်မှာလည်းခွန်းစစ်မူးကိုခေါ်ပြီးကန်ဘောင်ဘက်ထွက်လာခဲ့သည်။သူဘက်ကကြည့်ရင်နာကျင်ခံစားရတယ်ဆိုတာသူတို့နာကျင်ရတာထက် မပြောလောက်ပါဘူး ။
ဇံလင်းထက်သက်ပြင်းချရင်းဆိုလိုက်သည်။

''ငါတို့လုပ်ခဲ့တာဘဲ..ဟက်.''

အင်း...ငါတို့အမှားကြီးမှားခဲ့တာ...

ဒါပေမဲ့သူ့ကိုငါတို့ဖျောင်းဖျလို့ရတာဘဲလေ။

''မဖြစ်နိုင်တာတွေမတွေးစမ်းပါနဲ့ဇံလင်းရာ..ဒီတိုင်းပြီးသွားမယ်ထင်လား၊ငါတို့လုပ်ခဲ့တဲ့ကိစ္စတွေကသူ့အပေါ်ကော၊သူ့အမေပေါ်ကောအကြွေးတွေတင်နေပီလေ။ ငါတို့သူ့ကိုတောင်းပန်ရမယ်။''

'တောင်းပန်တော့ရောသူကလက်ခံမှာလားမင်းစဥ်းစားစမ်း ခွန်းစစ်..'

ငါမသိဘူး..သူကလက်စားချေမယ်လို့ဆိုထားတော့လည်းငါတို့အချည်းနှီးဘဲလေ။

ဟူး,........

ဇံလင်းထက်နဲ့ခွန်းစစ်မူးနောက်ဆုံးကြံရာမရဖြစ်ခဲ့ရသည်။ ဥက္ကာဆိုတာသူတို့နှိမ့်ဆက်ခဲ့တဲ့ကောင်လေးကသူတို့ကိုပြိုလဲမဲ့လူသားမှန်းမသိခဲ့မိတာ မဆန်းပင်။ ဒီလိုသာဖြစ်လာခဲ့ရင်မင်းကိုငါတို့အကောင်းဆုံးခင်ချင်ပါတယ်
ဥက္ကာ.... ။

----------------------------------------------------------
ရန်...ရန်..

မင်း..!!

''ကိုယ်လာလို့မရဘူးလား..ရန်ကိုယ့်ကိုအဖြေပေးမယ်ပေးမယ်ကတိပေးပြီးထွက်ပြေးနေတာတော့မဟုတ်ပါဘူးနော်..''

ငါဘာလို့ထွက်ပြေးရမှာလဲ.ငါကဘာခိုးထားလို့လဲ...?

ဘာခိုးရမှာလဲ..ကိုယ့်နှလုံးသားကိုခိုးသွားတဲ့လူလေ..

မင်း..

ရန်ပိုင်သော်တစ်ယောက် မင်းဘုန်းခန့်ကိုအဖြေပေးမယ်လို့ပြောပြီးတဲ့နေ့ကစပြီး သူအလုပ်တွေရှုပ်နေသည်။ သူ့အဖေကသူ့ကိုနိုင်ငံခြားလာဖို့ခေါ်နေသည်။သူကလည်းမသွားချင်ပေမဲ့သူ့အဖေကသူ့အလုပ်နဲ့ပတ်သက်ပြီးလာဖို့ပြောတာကြောင့်သူသွားမှရတော့မည်။

That's My Boy (Completed )Where stories live. Discover now