Part34 Unicode

112 6 0
                                    

''ကိုကို ထတော့လေ''

ငြိမ်းနိူးတာကြာပြီလား..

'ကြာလှနေပြီ ထတော့အပြင်သွားမယ်'

ခွန်းစစ်မှုးသူ့ကိုလာနိူးတဲ့ငြိမ်းကိုသေချာကြည့်လိုက်သည်။ မနက်ခင်းနိူးနိူးချင်းမှာကိုယ်ချစ်ရသူက လာနိူးတယ်ဆိုတဲ့စိတ်က ကြည်နူးစေသည်။ ရင်ထဲလှိုက်ဖိုနေပြီးလူကိုအရူးတစ်ယောက်လိုရူးသွပ်စေသည်။

ငြိမ်းသူရသူ့ကိုသေချာစိုက်ကြည့်နေလို့အကျီကိုအမြန်ဖုံးလိုက်ရသည်။ ရေချိုးပြီးလို့အကျီအဖြူရောင်အပါးကြောင့်အတွင်းသားတောင်မြင်နေရသည်။သူရှက်ပြီးကိုကို့ ကိုယ်ရေအမြန်ချိုးဖို့လွှတ်ရတော့သည်။

ကိုကို အမြန်လုပ်..သွား..

ဟုတ်ကဲ့ပါဗျာ..

ခွန်းစစ်မှုးလည်းသူ့ကိုရှက်ပြီးရေချိုးခန်းဆီအတင်းလွှတ်နေလို့အမြန်ဝင်လာလိုက်သည်။
သူထလိုက်ပြီး ရေအမြန်ချိုးအဝတ်စားလှဲပီးအပြင်သို့ထွက်လာကြသည်။ ငြိမ်းကနေကောင်းကောင်းခြင်းကျန်းမာနေပေမဲ့ကျွန်တော်ခုထိစိတ်မချသေးပါ။
ထပ်ပြီးငြိမ်းကို မနာကျင်စေချင်တာက ပိုမှန်မည်။သူငြိမ်းနဲ့အတူ စျေးပွဲထွက်ခဲ့သည်။ ငြိမ်းလိုချင်တဲ့ပစ္စည်းမှန်သမျှလိုက်ဝယ်ပေးပြီး၊ကစားကွင်းဘက်တခါသွားလည်ကြသည်။

ငြိမ်းက ကစားကွင်းလည်းရောက်ရော ကျွန်တော့်ကိုထားခဲ့ပြီး မြင်းပေါ်တက်စီးလိုက်သည်။ ငြိမ်းကိုကြည့်ရင်းကျွန်တော်ပြုံးလိုက်သည်။ငြိမ်းက တကယ့်ကလေးလေးပါ။ ကျွန်တော့်တစ်ယောက်ထဲတွက်ကလေးလေးပေါ့။
သူကြည့်နေတာကို သူ့ပါခေါ်ပြီး ပင်လယ်ဓားပြစီးမယ်ဆိုရင်းခေါ်သွားလို့ လိုက်ရသေးသည်။
သူတို့ပင်လယ်ဓားပြစီးတော့ တချို့ကအော်နေကြပြီး၊ငြိမ်းကတော့ ပျော်နေသည်။ ကျွန်တော်ကြည့်လိုက်တိုင်း ကျွန်တော့်ကိုမသိချင်ယောင်ဆောင်ပြီးနေနေလို့ ကျွန်တော်ရှေ့တိုးတော့ နောက်ဆုတ်သွားသည်။
သူထပ်တိုးတော့ ကျွန်တော့်ရင်ဘတ်ကိုထုရင်းအော်သည်။

ကိုကိုဘာလိုဖြစ်နေတာလဲ..?လူတွေရှိတယ်လေ

''ဟော..ကိုယ်ဘာလုပ်နေလို့တုန်းငြိမ်းရဲ့ ငြိမ်းကြောက်မှာစိုးလို့တိုးပေးတာ''

That's My Boy (Completed )Where stories live. Discover now