အကို...ကျွန်တော့်ကိုထားမသွားပါနဲ့
ကယ်ပေးပါ...အကို့ကို ကယ်ပေးကြပါ....'လူနာကိုခွဲခန်းထဲပို့ရမှာမို့လို့ဖယ်ပေးပါနော်...'
''မရဘူး..အကို ကိုခေါ်မသွားကြပါနဲ့''
နှိုင်းဝေယံတစ်ယောက် ဇံလင်းထက်ကိုဆွဲရင်းအော်ငိုနေမိသည်။ဘေးက nurseတွေကလည်းသူ့ကိုဝင်ဆွဲ ကြသည်။ ခွန်းစစ်မှုးမနေနိုင်တော့လို့ နှိုင်းဝေယံရဲ့ပခုံးကိုကိုင်ရင်း ပြောလိုက်သည်။
နှိုင်းဝေယံ မင်းဒီလိုဆက်လုပ်ရင်သူသေလိမ့်မယ် သူ့ကိုသေစေချင်နေတာလား..
အင်.....
သူပြောလိုက်တော့သူ့ကိုမျက်ရည်လည်ပြီးကြည့်နေလို့သူစိတ်ကိုလျော့ချလိုက်သည်။
နှိုင်းဝေယံတစ်ယောက်သူ့ကိုအော်ပြီးပြောနေတဲ့ခွန်းစစ်မှုးကို မပြောပါ။
သူကြောင့်ဘဲဖြစ်တာလေ..သူဘဲပြစ်ဒဏ်ခံချင်ပါတယ်။nurseတွေက ဇံလင်းထက်ကိုတင်ပြီးခွဲခန်းထဲဝင်သွားတော့သည်။
သူတို့အကြာကြီးအပြင်မှာထိုင်စောင့်နေကြတော့သည်။ ခွန်းစစ်မှုးက အပြင်ဒဏ်ရာကြောင့်ငြိမ်းသူရစိတ်အေးသွားသည်။ အကိုဇံလင်းထက်တွက်လည်းစိတ်မကောင်းဖြစ်မိသည်။
သူနှိုင်းဝေယံကိုနှစ်သိမ့်ပေးလိုက်သည်။သူနှစ်သိမ့်ပေးလိုက်တော့သူ့ကိုပြန်ဖက်ရင်းငိုချလိုက်လို့ သူ့ကျောကိုဖြေးဖြေးချင်းပွတ်ပေးလိုက်သည်။''ငိုချလိုက်..ငိုချလိုက်ဝေယံ..''
အကိုမသေပါဘူး..ဟုတ်တယ်မလား..
''အင်းအကိုဇံလင်းကမသေဘူး..ဘယ်တော့မှ''
သူတို့စကားပြောနေကြရင်း ခွဲခန်းထဲကနေ ဆရာဝန်တစ်ယောက်ပြေးထွက်လာခဲ့ကြတော့သည်။
သူတို့လည်းဆရာဝန်ဆီသွားပြီးမေးလိုက်ကြသည်။ ဆရာဝန်က markချွတ်ရင်းသူတို့ကိုပြောသည်။''လူနာက သေနတ်မှန်ထားတော့ သွေးလိုနေတယ်..''
ဘာ.သွေးလဲ ဒေါက်တာ.
AB သွေးပါ..
အင်......?
သူတို့လန့်သွားကြသည်။ AB သွေးကရှားပါး
သွေးဖြစ်လို့ဘယ်မှာရှာရမှန်းမသိဖြစ်နေတော့သည်။ သူတို့သွေးရဖို့စဥ်းစားရင်း တေဇပြောလိုက်တဲ့စကားကြောင့် ဒေါက်တာအပါအဝင်၊ ကျွန်တော်တို့၃ယောက်အံ့သြ သွားသည်။
YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...