End

378 7 0
                                    

​မနက်မိုးသောက်ချိန်မှာချစ်ရသူနဲ့အတူနိူးထရတာ နိဗ္ဗာန် ဘုံကိုရောက်နေသလိုပင်။ခွန်းစစ်မှုးတစ်ယောက်အိပ်ပျော်နေတဲ့ငြိမ်းကိုတချက်နမ်းလိုက်ရင်းရေချိုးခန်းထဲဝင်သွားတော့သည်။
သူရေချိုးပြီးတော့အိပ်ချင်မှုးတူးနဲ့ထလာတဲ့ငြိမ်းကို စလိုက်သည်။သူစလိုက်တော့သူ့ကိုခေါင်းအုံးနဲ့လှမ်းပေါက်လို့သူဖမ်းလိုက်သည်။ငြိမ်းကမျက်နှာလေးရှုံမဲ့ပြီးကျွန်တော်ကိုပြောသည်။

''ကိုကိုလုပ်တာနာတယ်..ပြောတော့ဖြေးဖြေးလုပ်မယ်ဆို''

ခွန်းစစ်မှုးနားထောင်ပြီးချင်းငြိမ်းသူရဘေးကပ်လိုက်ရင်း ငြိမ်းလက်မောင်းပေါ်မှီလိုက်သည်။သူဆက်ပြောလိုက်တဲ့စကားကြောင့် ငြိမ်းမျက်နှာလေးက စတော်ဘယ်ရီသီးလိုနီနေတော့သည်။

ညတုန်းက ထပ်လုပ်ပေးဖို့တောင်းဆိုတာ ဘယ်ကောင်လေးတုန်း...?

ကိုကို....!

သူငြိမ်းကိုစပြီးတော့ငြိမ်းကိုချီရင်းရေချိုးခန်းဘောင်ပေါ်တင်ပေးလိုက်သည်။သူသွားတိုက်​
ပေးရင်းမျက်နှာလဲသစ်ပေးလိုက်သည်။
ငြိမ်းဝတ်ဖို့အဝတ်တွေထုတ်ပေးပြီးသူအောက်ထပ်ကိုဆင်းလာလိုက်သည်။ညတည်းကဆေးထည့်ထားပေးလို့ ဒီထိလမ်းလျှောက်နိုင်တာတော်​ေသးသည်။
သူမနက်စာပြင်ပြီး တော့ဆင်းလာတဲ့ငြိမ်းကိုကြည့်လိုက်မိသည်။
သူ့အကျီအဖြူရောင်ကိုပေါင်ထိဝတ်ထားပြီးအကျီကကြီးနေလို့ လည်ပင်းနားက ညှက်ရိုးလေးတွေကိုလည်းမြင်နေရသည်။
တခြမ်းလှည့်လိုက်ရင်သူညက marking ပေးထားတဲ့အမှတ်တွေက ငြိမ်းကိုပိုလှစေပြီး ကျွန်တော့်ကိုလည်းပိုတောင့်တလာအောင်လုပ်နေသည်။

သူအကြည့်ခဏလွှဲ ပြီးငြိမ်းတွက်မနက်စာပြင်ပေးလိုက်သည်။ငြိမ်းနဲ့ကျွန်တော်အတူတူစားကြပြီး ကျွန်တော်အလုပ်သို့ထွက်လာခဲ့သည်။အလုပ်ရောက်တော့ပြုံးပြုံးနဲ့ မေးနေတဲ့အဖေရယ်၊ ငြိမ်းကိုအားရှိတဲ့အစားစာဖို့ပြောနေတဲ့အမေရယ်ကြောင့် သူရှက်လာသည်။

သူအလုပ်လုပ်နေရင်းဇံလင်းထက်ဝင်လာရင်းဖိတ်စာတခုပေးသွားသည်။သူဖတ်ကြည့်လိုက်တော့နှိုင်းဝေယံနဲ့သူ မဂ်လာဆောင်ဖြစ်သည်။
သူအလုပ်ဆင်းလို့အိမ်ပြန်ချိန် သူ့ကိုထွက်ကြိုနေတဲ့ ငြိမ်းဆီအပြေးသွားလိုက်သည်။
အိမ်မှာငြိမ်းမပင်ပန်းအောင် အစေခံမိန်းကလေးတချို့နဲ့ သူ့ကိုပြုစုပေးခဲ့တဲ့ ကြီးမေလည်းပါသည်။

That's My Boy (Completed )Where stories live. Discover now