Part33 Unicode

112 7 0
                                    

ငြိမ်းသက်သာပြီလား..

''ဟုတ်ကိုကို..''

ခွန်းစစ်မှုးတစ်ယောက်ငြိမ်းသူရကိုဖက်ထားရင်းမေးနေသည်။ ငြိမ်းသူရမှာလည်းမေးသည့်စကားမှန်သမျှကိုဖြေပေးနေတော့သည်။ ခွန်းစစ်မှုး ငြိမ်းသူရခေါင်းကိုနမ်းလိုက်ရင်း အိပ်ဖို့ပြောလိုက်သည်။သူအိပ်ဖို့ပြောတော့သူ့ကိုနူတ်ခမ်းဆူပြီးကြည့်နေလို့ သူစလိုက်သည်။

'ကိုယ်နဲ့အတူတူအိပ်ချင်လို့လား'

အင်းအိပ်မယ်..

ဟင်..?

အစကတော့နောက်မယ်ဆိုပြီးပြောလိုက်တာ ငြိမ်းသူရက အတူတူအိပ်မယ်ပြောတော့ တသွေမသိမ်းလိုက်နာနေတာ ချစ်စရာကောင်းတဲ့ကလေးလေးနဲ့တူသည်။သူလည်းငြိမ်းသူရဘေးမှာဝင်အိပ်လိုက်တော့ သူ့ရင်ခွင်ဆီတိုးလာတဲ့ကိုယ်သေးသေးလေးကိုဆွဲဖက်ထားလိုက်ရင်း နူတ်ဆက်စကားလေးတိုးတိုးဆိုလိုက်သည်။

''goodnight ငြိမ်း''

'goodnight ကိုကို'

ခွန်းစစ်မှုး၊ငြိမ်းသူရအိပ်ပျော်သွားသည်ထိအတူနေပေးလိုက်ရင်းသူပါအိပ်မောကျသွားသည်။ သူအိပ်မောကျသွားချိန်သူ့နူတ်ခမ်းဆီအနမ်းပေးတဲ့​ငြိမ်းသူရကိုသူမသိတော့ပါ။
ငြိမ်းသူရက ထလိုက်ရင်းဝရန်တာဆီထွက်လာလိုက်ရင်းလေကိုရှုရှိုက်နေမိသည်။
သူလက်တွေကိုဆန့်တန်းရင်းသူပြုံးလိုက်သည်။
သူခေါင်းထဲအလိုလိုတွေးလိုက်တိုင်း နာကျင်ခံစားရတာက ခဏတာလို့သတ်မှတ်လိုက်ချင်ပေမဲ့ သူခေါင်းထဲမှာစွဲ မြဲစွာထင်မှတ်နေသည်။

''ကိုကို.ကျွန်တော်ကို့ ခေါင်းမာတယ်ထင်တယ်လို့တွေးရင်တွေးပါ၊ ကျွန်တော်ကတော့ကိုကိုရှိရင် ပြည့်စုံနေပါပြီ.''

--------------------------------------------------------
At the Hospital

ဆေးရုံကနေဆင်းလို့ရပါပြီ..

ကျေးဇူးပါဒေါက်တာ ကျွန်မသားလေးကိုကုသပေးလို့ကျေးဇူးအထူးတင်ပါတယ်။

''ရပါတယ်ဗျာ..ဒါကျွန်တော်တို့အလုပ်ဘဲကို''

''ဟုတ်ကဲ့ပါဒေါက်တာ''

သူတို့ဒေါက်တာ့ကိုနှုတ်ဆက်ပြီးပစ္စည်းတွေသိမ်းရင်းအိမ်ပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ငြိမ်းသူရ သူ့အခန်းဆီပြန်သွားရင်းထိုင်နေမိသည်။သူစားပွဲပေါ်မှာချရစ်ခဲ့တဲ့ စာအုပ်လေးတွေ၊ ဒိုင်ယာရီလေးတွေကသူ့ကိုပျော်ရွှင်စေသည်။
သူဒိုင်ယာရီစာအုပ်လေးကိုဖွင့်ရင်းပထမစာမျက်နှာကိုဖတ်လိုက်သည်။ စာမျက်နှာပေါ်ကDateလေးက သူတို့ကျောင်းစတက်ပြီး၃ရက်ကြာက စာလေးဖြစ်သည်။
သူရေးထားတဲ့စာလေးကိုကြည့်ရင်း အသံထွက်ဖတ်နေမိသည်။

That's My Boy (Completed )Where stories live. Discover now