wedding day......♥
ငြိမ်း..ထတော့လေ..
ထပြီ..
ခွန်းစစ်မှုးတစ်ယောက်ငြိမ်းကိုလာနိူးပြီး သူလဲရေချိုးလိုက်သည်။သူတို့နှစ်ယောက်ကိုယ်စီရေချိုးပြီးတော့ အခန်းကိုယ်စီမှာအလှပြင်ကြတော့သည်။ အမေပြင်ဆင်ပေးတဲ့ မိတ်ကပ်ဆရာမက ငြိမ်းအသားရေကိုကိုင်နေလို့သူစိတ်တိုသွားရင်းအော်လိုက်သည်။
''ဒီမှာ အလှပြင်ပေးမှာဆိုမြန်မြန်လုပ် ကျွန်တော်လုပ်မိလိမ့်မယ်နော်''
ဟုတ်ကဲ့ပါ...
မိတ်ကပ်ဆရာမ မှာအကြောက်လွန်ပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။သူငြိမ်းသူရကို အလှပြင်ပေးပြီးတော့ ဆံပင်ကော ၊ အဝတ်ကောထိပြင်ဆင်ပေးလိုက်သည်။
သူပြင်ဆင်ပေးပြီးထွက်လာတော့ ဒေါ်မှုးထိပ်ထားနဲ့ တွေ့လို့စကားပြောလိုက်သည်။ ဒေါ်မှုးထိပ်ထားမှာလည်းသူ့သားအကြောင်းလာပြောနေလို့ ရီရမလို၊ ငိုရမလိုဖြစ်နေသည်။သူမလည်းသူ့သားကြောင့်စိတ်ရှုပ်ရသေးသည်။ဒါဆိုကျွန်မပြန်ပြီနော် ဒေါ်ထိပ်ထား''
မိတ်ကပ်ဆရာမ မှာကော့ကော့နဲ့ထွက်သွားတော့သည်။
ဒေါ်မှုးထိပ်ထား၊ ဦးခွန်းစစ်ရောင်နဲ့ ဒေါ် မေသူဇာ၊ ဦးငြိမ်းသီဟ တို့နှစ်ဖက်မိဘတွေအချင်းချင်းစကားပြောကြသည်။
သူတို့စကားပြောကြရင်း ငြိမ်းသူရသူငယ်ချင်းတွေနဲ့ ဇံလင်းထက်တို့လည်းရောက်လာကြသည်။
သတို့သား၂ယောက်ကို တွေ့ချင်ကြတဲ့လူတွေရှိသလို ၊ ယောကျ်ားနှစ်ယောက် မဂ်လာဆောင်ချင်းကိုမနှစ်သက်သူတွေလည်းရှိကြသည်။ခွန်းစစ်မှုးsuitအပြည့်ဝတ်ဆင်ပြီး သူ့ပုံကိုသူမှန်ထဲ ပြန်ကြည့်လိုက်သည်။
အမဲရောင်suitအပြည့်ဝတ်ဆက်ထားလို့သူပုံက အရမ်းခန့်ညားနေတော့သည်။
သူငြိမ်းကိုပိုင်ဆိုင်ရတော့မယ်လို့တွေးလိုက်တိုင်းသူပျော်သည်။
သူပြင်ဆင်ပြီး ခန်းမဆောင်ကိုထွက်လာလိုက်တော့သည်။
သူတည်ကြည်ခန့်ညားမှုကိုတခြားလူတွေကငေးမောနေကြသည်။သူတို့အကုန်လုံးခန်းမရောက်ပြီးနောက် ခွန်းစစ်မှုး ခန်းမရှေ့မှာရပ်လိုက်သည်။
ပန်းခင်းလမ်းကိုရောက်လာတော့မဲ့ချစ်ရသူကိုမျှော်လင့်တကြီးစောင့်နေမိသည်။
သူမျှော်နေတုန်း ဦးငြိမ်းသီဟလက်ကို ကိုင်ရင်းထွက်လာတဲ့ အဖြူရောင်suitကိုမှ ပန်းစီးလေးကိုင်ထားတဲ့ချစ်ရသူကိုတွေ့လိုက်ရသည်။
သူဆီတဖြေးဖြေးလျှောက်လာရင်း နောက်က တညီတညွှတ်တည်းသီချင်းထွက်ပေါ်လာတော့သည်။
သူတိုးတိုးလေးလိုက်ဆိုနေမိသည်။
YOU ARE READING
That's My Boy (Completed )
Romantikပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...