Day 1
Bloom
မျက်စိတဆုံး မြင်နေရတဲ့ အဖြူရောင် လီလီပန်းခင်းကြီးအလယ်မှာ တစ်ယောက်သောသူရဲ့ ကျောပြင်တစ်ခုရှိတယ် ။ သူ့ရဲ့ ရှပ်အင်္ကျီဖြူလွလွက လေတစ်သုတ်ရဲ့ ကျီဆယ်မှုကြောင့် တဖျပ်ဖျပ်လွင့်လို့ ။ ထိုသူကိုယ်တိုင်ကလည်း လှပစွာ ပွင့်လန်းနေတဲ့ လီလီပန်းတစ်ပွင့်အလား....
ကျွန်တော့်ရဲ့ အိပ်မက်က အဲဒီလောက်လေးမျှသာပါပဲ ။ နေ့စဉ်နေ့တိုင်း ကျွန်တော်ဟာ အဲဒီကျောပြင်ကို အိပ်မက်မက်နေခဲ့တယ် ။ သူကဘယ်သူလဲ ကျွန်တော်မသိဘူး ။ သူနဲ့ ဆင်တူတဲ့ ကျောပြင်မျိုးလည်း ကျွန်တော် ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ အဲဒီမြင်ကွင်းကို ပန်းချီတစ်ချပ်အလား ငေးမောကြည့်နေခဲ့ရတယ် ။ သူတစ်ချိန်ချိန်များ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာလေမလား ။ ဒါဟာ ညစဉ်ညတိုင်း အိပ်မက်ထဲက ကျွန်တော့်ရဲ့ လိုလားတောင့်တမိတဲ့ ဆန္ဒလေးတစ်ခုရယ်ပါပဲ ။
လေအဝှေ့မှာ သူ့ရှပ်ဖြူလေး လွင့်နေခဲ့ပြန်ပါပြီ ။
ကျွန်တော့်ရင်ထဲက ပန်းတစ်ခင်းဟာလည်း ငွားငွားစွင့်စွင့် ပွင့်လန်းလာနေခဲ့ပြီ ။
#wewriteinoctober
--------------
Day 1Bloom
မ်က္စိတဆုံး ျမင္ေနရတဲ့ အျဖဴေရာင္ လီလီပန္းခင္းႀကီးအလယ္မွာ တစ္ေယာက္ေသာသူရဲ့ ေက်ာျပင္တစ္ခုရွိတယ္ ။ သူ႔ရဲ့ ရွပ္အကႌ်ျဖဴလြလြက ေလတစ္သုတ္ရဲ့ က်ီဆယ္မွုေၾကာင့္ တဖ်ပ္ဖ်ပ္လြင့္လို႔ ။ ထိုသူကိုယ္တိုင္ကလည္း လွပစြာ ပြင့္လန္းေနတဲ့ လီလီပန္းတစ္ပြင့္အလား....
ကၽြန္ေတာ့္ရဲ့ အိပ္မက္က အဲဒီေလာက္ေလးမၽွသာပါပဲ ။ ေန႔စဥ္ေန႔တိုင္း ကၽြန္ေတာ္ဟာ အဲဒီေက်ာျပင္ကို အိပ္မက္မက္ေနခဲ့တယ္ ။ သူကဘယ္သူလဲ ကၽြန္ေတာ္မသိဘူး ။ သူနဲ႔ ဆင္တူတဲ့ ေက်ာျပင္မ်ိဳးလည္း ကၽြန္ေတာ္ ရွာမေတြ႕ခဲ့ဘူး ။ ဒီလိုနဲ႔ပဲ ကၽြန္ေတာ္ဟာ ညစဥ္ညတိုင္း အိပ္မက္ထဲမွာ အဲဒီျမင္ကြင္းကို ပန္းခ်ီတစ္ခ်ပ္အလား ေငးေမာၾကည့္ေနခဲ့ရတယ္ ။ သူတစ္ခ်ိန္ခ်ိန္မ်ား ကၽြန္ေတာ့္ဘက္ကို လွည့္ၾကည့္လာေလမလား ။ ဒါဟာ ညစဥ္ညတိုင္း အိပ္မက္ထဲက ကၽြန္ေတာ့္ရဲ့ လိုလားေတာင့္တမိတဲ့ ဆႏၵေလးတစ္ခုရယ္ပါပဲ ။
ေလအေဝွ႕မွာ သူ႔ရွပ္ျဖဴေလး လြင့္ေနခဲ့ျပန္ပါၿပီ ။
ကၽြန္ေတာ့္ရင္ထဲက ပန္းတစ္ခင္းဟာလည္း ငြားငြားစြင့္စြင့္ ပြင့္လန္းလာေနခဲ့ၿပီ ။
#wewriteinoctober
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။