Secrets

48 11 0
                                    

Secrets

လျို့ဝှက်ချက်တွေ ။ တချို့သော လျို့ဝှက်ချက်တွေက နောက်ဆုံးထွက်သက်ထိ စိတ်ဝိညာဉ်ရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာမှာ သော့ခတ်သိမ်းဆည်းလိုက်ရမှာမျိုး ။ ဥပမာ ကျွန်တော် အဲဒီလူကို ချစ်မိနေတာမျိုးပေါ့ ။ ဒါလုံးဝထုတ်မပြောဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော့်ရဲ့ လျို့ဝှက်ချက်ပဲ ။ ကျွန်တော် အဲဒီလူကို ချစ်တယ် ။ အဓိကက အဲဒီလူရဲ့ ဘယ်သူ့ကိုမှ လူမထင်တဲ့ ဘဝင်ခပ်မြင့်မြင့် မျက်နှာထားနဲ့ အေးစက်စက်အကြည့်တွေကိုပဲ ။ အကြည့်တစ်ချက်မှာ နှလုံးသားတစ်ခုက မူးမေ့လဲပြီး နလန်မထူနိုင်ခဲ့ကြောင်းကို ကျွန်တော် လျို့ဝှက်ထားတယ် ။ တစ်ချိန်က လမ်းချိုးတစ်ခုမှာ မတော်တဆ တိုက်မိခဲ့တဲ့ အဲဒီလူရဲ့ ပုခုံးစွန်းကို ကျွန်တော် လွမ်းတဲ့ အကြောင်းကို လျို့ဝှက်ထားတယ် ။ အဲဒီလူဟာ ကျွန်တော့်အိပ်မက်ထဲက လီလီပန်းတစ်ပွင့်ဖြစ်ကြောင်း ကျွန်တော်လျို့ဝှက်ထားတယ် ။ လီလီပန်းခင်းအလယ်မှာ မတ်တပ်ရပ်ရင်း လှည့်ကြည့်နေတဲ့ အဲဒီလူရဲ့ ပန်းချီကား ကျွန်တော့်အခန်းထဲမှာ ချိပ်ဆွဲထားကြောင်း လျို့ဝှက်ထားတယ် ။ အတန်းချိန်တွေမှာ အမြဲ အိပ်နေတတ်တဲ့ အဲဒီလူကို ကျွန်တော်ခိုးခိုးကြည့်မိကြောင်း လျို့ဝှက်ထားတယ် ။ စာကြည့်တိုက်ထဲမှာ ကြုံရာစာအုပ်တစ်အုပ်ကို ဆွဲယူပြီး အမြဲလိုလို စာအုပ်ကို ရန်သူလို ကြည့်နေတတ်တဲ့ အဲဒီသူကို ကျွန်တော်ရင်ခုန်ကြောင်း လျို့ဝှက်ထားတယ် ။

လျို့ဝှက်ထားတယ် ။

ကျွန်တော်လျို့ဝှက်ထားတာတွေ အများကြီးပဲ ။

လျို့ဝှက်ချက်တွေကြောင့် ကျွန်တော့်နှလုံးသားဟာလည်း ပေါက်ကွဲထွက်တော့မလောက် ပြည့်ကျပ်လို့ လာနေခဲ့တယ် ။

#wewriteinoctober

------------------

Secrets

လ်ိဳ႕ဝွက္ခ်က္ေတြ ။ တခ်ိဳ႕ေသာ လ်ိဳ႕ဝွက္ခ်က္ေတြက ေနာက္ဆုံးထြက္သက္ထိ စိတ္ဝိညာဥ္ရဲ့ ဟိုးအနက္ရွိုင္းဆုံး ေနရာမွာ ေသာ့ခတ္သိမ္းဆည္းလိုက္ရမွာမ်ိဳး ။ ဥပမာ ကၽြန္ေတာ္ အဲဒီလူကို ခ်စ္မိေနတာမ်ိဳးေပါ့ ။ ဒါလုံးဝထုတ္မေျပာဖို႔ ဆုံးျဖတ္ထားတဲ့ ကၽြန္ေတာ့္ရဲ့ လ်ိဳ႕ဝွက္ခ်က္ပဲ ။ ကၽြန္ေတာ္ အဲဒီလူကို ခ်စ္တယ္ ။ အဓိကက အဲဒီလူရဲ့ ဘယ္သူ႔ကိုမွ လူမထင္တဲ့ ဘဝင္ခပ္ျမင့္ျမင့္ မ်က္ႏွာထားနဲ႔ ေအးစက္စက္အၾကည့္ေတြကိုပဲ ။ အၾကည့္တစ္ခ်က္မွာ ႏွလုံးသားတစ္ခုက မူးေမ့လဲၿပီး နလန္မထူနိုင္ခဲ့ေၾကာင္းကို ကၽြန္ေတာ္ လ်ိဳ႕ဝွက္ထားတယ္ ။ တစ္ခ်ိန္က လမ္းခ်ိဳးတစ္ခုမွာ မေတာ္တဆ တိုက္မိခဲ့တဲ့ အဲဒီလူရဲ့ ပုခုံးစြန္းကို ကၽြန္ေတာ္ လြမ္းတဲ့ အေၾကာင္းကို လ်ိဳ႕ဝွက္ထားတယ္ ။ အဲဒီလူဟာ ကၽြန္ေတာ့္အိပ္မက္ထဲက လီလီပန္းတစ္ပြင့္ျဖစ္ေၾကာင္း ကၽြန္ေတာ္လ်ိဳ႕ဝွက္ထားတယ္ ။ လီလီပန္းခင္းအလယ္မွာ မတ္တပ္ရပ္ရင္း လွည့္ၾကည့္ေနတဲ့ အဲဒီလူရဲ့ ပန္းခ်ီကား ကၽြန္ေတာ့္အခန္းထဲမွာ ခ်ိပ္ဆြဲထားေၾကာင္း လ်ိဳ႕ဝွက္ထားတယ္ ။ အတန္းခ်ိန္ေတြမွာ အျမဲ အိပ္ေနတတ္တဲ့ အဲဒီလူကို ကၽြန္ေတာ္ခိုးခိုးၾကည့္မိေၾကာင္း လ်ိဳ႕ဝွက္ထားတယ္ ။ စာၾကည့္တိုက္ထဲမွာ ၾကဳံရာစာအုပ္တစ္အုပ္ကို ဆြဲယူၿပီး အျမဲလိုလို စာအုပ္ကို ရန္သူလို ၾကည့္ေနတတ္တဲ့ အဲဒီသူကို ကၽြန္ေတာ္ရင္ခုန္ေၾကာင္း လ်ိဳ႕ဝွက္ထားတယ္ ။

လ်ိဳ႕ဝွက္ထားတယ္ ။

ကၽြန္ေတာ္လ်ိဳ႕ဝွက္ထားတာေတြ အမ်ားႀကီးပဲ ။

လ်ိဳ႕ဝွက္ခ်က္ေတြေၾကာင့္ ကၽြန္ေတာ့္ႏွလုံးသားဟာလည္း ေပါက္ကြဲထြက္ေတာ့မေလာက္ ျပည့္က်ပ္လို႔ လာေနခဲ့တယ္ ။

#wewriteinoctober

October storyWhere stories live. Discover now