Sight

62 12 0
                                    

Sight

ကျွန်တော့် အိပ်မက်ထဲက မြင်ကွင်းက ပိုပိုပီပြင်လာခဲ့တယ် ။ အခုဆိုရင် ကျွန်တော်ဟာ သူ့မျက်နှာကိုလည်း မြင်နိုင်ခဲ့ပြီ ။ လီလီပန်းခင်းအလယ်က ထိုသူက ကျွန်တော့်ကို လှည့်ကြည့်လာတဲ့ မြင်ကွင်းကို ကျွန်တော် ပန်းချီရေးနိုင်ခဲ့ပြီ ။

သူ ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တယ် ။ သူ့မျက်ဝန်းတွေဟာ အေးစက်လို့ ။ မျက်နှာပေါ်က အမူအရာက ထီမထင်ဟန်လေးပါပဲ ။ ဒါပေမဲ့ အဲဒီ အေးစက်စက် မျက်ဝန်းတွေထဲမှာ အထီးကျန်မှုတွေကို ကျွန်တော်တွေ့မြင်နိုင်ခဲ့တယ် ။ သူကိုယ်တိုင်ကတော့ အဲဒီ အထီးကျန်မှုတွေကို လျစ်လျူရှုပြီး အရာမသွင်းပေမဲ့လို့ပေါ့ ။

သူ ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တယ် ။ ဘယ်လို အဓိပ္ပါယ်မျိုးမှ မပါတဲ့ မျက်ဝန်းတွေနဲ့လေ ။ လီလီပန်းခင်းအလယ်မှာ ခပ်တောင့်တောင့်ရပ်နေတဲ့ သူက ရေခဲနေတဲ့ လီလီပန်းဖြူလေး တစ်ပွင့်လိုပဲ ။ ကျွန်တော်သူ့ကို အနွေးဓာတ်ပေးချင်မိတယ် ။

သူ ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တယ် ။ သူမျက်ဝန်းတွေထဲ ကျွန်တော့်ကို တကယ်မြင်လားမမြင်လား ကျွန်တော် မသိနိုင်ခဲ့ပါဘူး ။

ကျွန်တော်လည်း သူ့ကို လှမ်းကြည့်နေမိတယ် ။ ကျွန်တော်ကတော့ အဲဒီ မြင်ကွင်းလေးကို နှလုံးသားထဲထိရောက်အောင် သိမ်းဆည်းထားမိတော့တာပါပဲ ။

#wewriteinoctober

--------------------

Sight

ကၽြန္ေတာ့္ အိပ္မက္ထဲက ျမင္ကြင္းက ပိုပိုပီျပင္လာခဲ့တယ္ ။ အခုဆိုရင္ ကၽြန္ေတာ္ဟာ သူ႔မ်က္ႏွာကိုလည္း ျမင္နိုင္ခဲ့ၿပီ ။ လီလီပန္းခင္းအလယ္က ထိုသူက ကၽြန္ေတာ့္ကို လွည့္ၾကည့္လာတဲ့ ျမင္ကြင္းကို ကၽြန္ေတာ္ ပန္းခ်ီေရးနိုင္ခဲ့ၿပီ ။

သူ ကၽြန္ေတာ့္ကို လွမ္းၾကည့္ေနခဲ့တယ္ ။ သူ႔မ်က္ဝန္းေတြဟာ ေအးစက္လို႔ ။ မ်က္ႏွာေပၚက အမူအရာက ထီမထင္ဟန္ေလးပါပဲ ။ ဒါေပမဲ့ အဲဒီ ေအးစက္စက္ မ်က္ဝန္းေတြထဲမွာ အထီးက်န္မွုေတြကို ကၽြန္ေတာ္ေတြ႕ျမင္နိုင္ခဲ့တယ္ ။ သူကိုယ္တိုင္ကေတာ့ အဲဒီ အထီးက်န္မွုေတြကို လ်စ္လ်ဴရွုၿပီး အရာမသြင္းေပမဲ့လို႔ေပါ့ ။

သူ ကၽြန္ေတာ့္ကို လွမ္းၾကည့္ေနခဲ့တယ္ ။ ဘယ္လို အဓိပၸါယ္မ်ိဳးမွ မပါတဲ့ မ်က္ဝန္းေတြနဲ႔ေလ ။ လီလီပန္းခင္းအလယ္မွာ ခပ္ေတာင့္ေတာင့္ရပ္ေနတဲ့ သူက ေရခဲေနတဲ့ လီလီပန္းျဖဴေလး တစ္ပြင့္လိုပဲ ။ ကၽြန္ေတာ္သူ႔ကို အေႏြးဓာတ္ေပးခ်င္မိတယ္ ။

သူ ကၽြန္ေတာ့္ကို လွမ္းၾကည့္ေနခဲ့တယ္ ။ သူမ်က္ဝန္းေတြထဲ ကၽြန္ေတာ့္ကို တကယ္ျမင္လားမျမင္လား ကၽြန္ေတာ္ မသိနိုင္ခဲ့ပါဘူး ။

ကၽြန္ေတာ္လည္း သူ႔ကို လွမ္းၾကည့္ေနမိတယ္ ။ ကၽြန္ေတာ္ကေတာ့ အဲဒီ ျမင္ကြင္းေလးကို ႏွလုံးသားထဲထိေရာက္ေအာင္ သိမ္းဆည္းထားမိေတာ့တာပါပဲ ။

#wewriteinoctober

October storyWhere stories live. Discover now