Forgiveness

61 10 0
                                    

Forgiveness

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်နောက်ကျောမှာ စိုက်ဝင်နေတဲ့ဓားကို ဆွဲနှုတ်ပြီး အဲဒီဓားနဲ့ ဘယ်သူ့ကိုမှ အနာတရဖြစ်စေအောင် အန္တရာယ်မပြုခြင်းလို့ အဓိပ္ပါယ်ရတယ်ဆိုပြီး စာအုပ်ထဲမှာ ဖတ်ဖူးခဲ့တယ် ။ ကျွန်တော့်အတွက်ကတော့ ခွင့်လွှတ်ခြင်းဆိုတာ ဆက်ပြီး ဒေါသထွက်မနေချင်လောက်အောင် ပင်ပန်းလာလို့ လျစ်လျူရှုလိုက်တာမျိုးပဲဖြစ်မယ် ။ ကိုယ့်ကိုနာကျင်အောင်လုပ်ထားတဲ့ သူတစ်ယောက်ကို ခွင့်လွှတ်လိုက်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ ။ အဲဒီလို ခွင့်လွှတ်နိုင်ဖို့ ကျွန်တော်က Jesus လည်း မဟုတ်ဘူး ။

တစ်ခါတစ်ရံမှာ လှပတဲ့ ဂရုဏာအလိမ်အညာတစ်ခုကို ပြန်သိလိုက်ရချိန် ၊ သူ့သဘော သူ့ဆုံးဖြတ်ချက်နဲ့ အားလုံးက မင်းကောင်းဖို့ပါလို့ ဇွတ်တရွတ်ဆုံးဖြတ်သွားခဲ့တဲ့ သူတစ်ယောက်ကို ကျွန်တော် အခုထိ ခွင့်လွှတ်ဖို့ ခက်ခဲနေခဲ့သလိုပေါ့ ။

အဲဒီ မကျေလည်မှု အစိုင်အခဲက ကျွန်တော့်နှလုံးသားမှာ စူးဝင်နေတဲ့ ဆူးသေးသေးလေးတစ်ချောင်းလိုပဲ ။ တွေးမိလိုက်တိုင်း မျက်တက် မျက်တက်နဲ့ ။

နှစ်ရာနဲ့ချီ ကြာမြင့်ခဲ့ပြီ ။

ကျွန်တော်ဟာ အဲဒီ ဆူးသေးသေးတစ်ချောင်းကို ဆွဲမနှုတ်နိုင်သေးသလို လူတစ်ယောက်ကိုလည်း ခွင့်လွှတ်ဖို့ ခက်ခဲနေတုန်းပါပဲ ။

ခွင့်လွှတ်လိုက်ရင် ကုသပြီးသားဖြစ်သွားလိမ့်မယ် ။

ဒါပေမဲ့ ကျွန်တော်....

သူ့ကို စိတ်ဆိုးနေဆဲပါ ။

#wewriteinoctober

---------------------

Forgiveness

ခြင့္လႊတ္ျခင္းဆိုတာ ကိုယ့္ေနာက္ေက်ာမွာ စိုက္ဝင္ေနတဲ့ဓားကို ဆြဲႏွုတ္ၿပီး အဲဒီဓားနဲ႔ ဘယ္သူ႔ကိုမွ အနာတရျဖစ္ေစေအာင္ အႏၲရာယ္မျပဳျခင္းလို႔ အဓိပၸါယ္ရတယ္ဆိုၿပီး စာအုပ္ထဲမွာ ဖတ္ဖူးခဲ့တယ္ ။ ကၽြန္ေတာ့္အတြက္ကေတာ့ ခြင့္လႊတ္ျခင္းဆိုတာ ဆက္ၿပီး ေဒါသထြက္မေနခ်င္ေလာက္ေအာင္ ပင္ပန္းလာလို႔ လ်စ္လ်ဴရွုလိုက္တာမ်ိဳးပဲျဖစ္မယ္ ။ ကိုယ့္ကိုနာက်င္ေအာင္လုပ္ထားတဲ့ သူတစ္ေယာက္ကို ခြင့္လႊတ္လိုက္ဖို႔ဆိုတာ ဘယ္လြယ္ပါ့မလဲ ။ အဲဒီလို ခြင့္လႊတ္နိုင္ဖို႔ ကၽြန္ေတာ္က Jesus လည္း မဟုတ္ဘူး ။

တစ္ခါတစ္ရံမွာ လွပတဲ့ ဂ႐ုဏာအလိမ္အညာတစ္ခုကို ျပန္သိလိုက္ရခ်ိန္ ၊ သူ႔သေဘာ သူ႔ဆုံးျဖတ္ခ်က္နဲ႔ အားလုံးက မင္းေကာင္းဖို႔ပါလို႔ ဇြတ္တရြတ္ဆုံးျဖတ္သြားခဲ့တဲ့ သူတစ္ေယာက္ကို ကၽြန္ေတာ္ အခုထိ ခြင့္လႊတ္ဖို႔ ခက္ခဲေနခဲ့သလိုေပါ့ ။

အဲဒီ မေက်လည္မွု အစိုင္အခဲက ကၽြန္ေတာ့္ႏွလုံးသားမွာ စူးဝင္ေနတဲ့ ဆူးေသးေသးေလးတစ္ေခ်ာင္းလိုပဲ ။ ေတြးမိလိုက္တိုင္း မ်က္တက္ မ်က္တက္နဲ႔ ။

ႏွစ္ရာနဲ႔ခ်ီ ၾကာျမင့္ခဲ့ၿပီ ။

ကၽြန္ေတာ္ဟာ အဲဒီ ဆူးေသးေသးတစ္ေခ်ာင္းကို ဆြဲမႏွုတ္နိုင္ေသးသလို လူတစ္ေယာက္ကိုလည္း ခြင့္လႊတ္ဖို႔ ခက္ခဲေနတုန္းပါပဲ ။

ခြင့္လႊတ္လိုက္ရင္ ကုသၿပီးသားျဖစ္သြားလိမ့္မယ္ ။

ဒါေပမဲ့ ကၽြန္ေတာ္....

သူ႔ကို စိတ္ဆိုးေနဆဲပါ ။

#wewriteinoctober

October storyWhere stories live. Discover now