Abandoned Building

40 9 0
                                    

Abandoned Building

ကျွန်တော်ဟာ အေးစိမ့် မှောင်မိုက်နေတဲ့ ခန်းဆောင်တစ်ခုထဲကို ရောက်နေတယ် ။ ဘေးဘီကို ဝေ့ကြည့်မိတော့ ကျွန်တော်မြင်နိုင်သမျှ အနေအထားအရ ကျောက်သားနံရံတွေ အပြည့်ရှိနေတဲ့ အခန်းတစ်ခုပဲ ။ နှာသီးဝဆီ လာတိုးတိုက်တဲ့ အောက်သိုးသိုး အနံ့တစ်ခုကြောင့် ဒီအဆောက်အဦးဟာ လူမနေတဲ့ အစွန့်ပစ်ခံအဆောက်အဦးတစ်ခုများလားလို့ ကျွန်တော်ကောက်ချက်ချနေမိတယ် ။

ကျွန်တော်ဘာကြောင့် ဒီလို အစွန့်ပစ်ခံ အဆောက်အဦး တစ်ခုတည်း ရောက်နေရတာလဲ ။ တွေးရင်း တွေးရင်းမှ ကျွန်တော်ကိုယ်ခန္ဓာမှာ ထိသိမှုတွေရှိလာတယ် ။ ကျွန်တော့်ရဲ့ လက်တွေ ။ လက်တွေဟာ လေထဲမှာ မြှောက်လျက်သား အနေအထားနဲ့ သံကြိုးတွေနဲ့ တွဲလောင်းချည်ခံထားရတယ် ။ ကျောပြင်နဲ့ ထိနေတဲ့ အေးစိမ့်စိမ့်ကျောက်သား နံရံဆီကနေ ရုတ်တရက် ချောက်ချားဖွယ်ရာ ခံစားချက်တွေ စိမ့်တက်ပျံ့နှံ့လာသလိုပဲ ။

"ကယ်ကြပါ....ဦး..."

အသံဟာ လည်ချောင်းထဲက ထွက်မလာ ။ ဘေးဘီက နံရံတွေက အသံအားလုံးကို စုတ်ယူသွားခဲ့သလိုနဲ့ တိတ်ဆိတ်မှုက ချောက်ချားဖွယ်ရာ ဖြစ်နေခဲ့တယ် ။

ရုတ်တရက်ဆိုသလို ရှေ့တူရူမှာ ကျွန်တော် မြင်လိုက်ရတဲ့ ပုံရိပ်တစ်ခု ။

အဲဒီနောက် အေးခဲနေတဲ့ အပြုံး ။

နှုတ်ခမ်းထောင့်စွန်းလေးက လှစ်ခနဲ မြင်တွေ့လိုက်ရတဲ့ သွားစွယ်ချွန်ချွန်လေး ။

အဲဒီနောက် သွေးနီရောင်မျက်ဝန်းတွေ ။

ထိုသူက....

.
.
.

ညဉ့်လယ်ခေါင်မှာ ချွေးတွေ ရွှဲပြီး ကျွန်တော်လန့်နိုးလာခဲ့တယ် ။ ပြင်းထန်နေတဲ့ အသက်ရှူသံတွေကို ငြိမ်အောင်ထိန်းရင်း ဘေးဘီကို ကျွန်တော် ဝေ့ကြည့်မိလိုက်တယ် ။ ကျွန်တော့်ရဲ့ အိပ်ခန်းငယ်ဟာ ​မှိန်ပျပျ မီးရောင်လေးနဲ့ ထုံးစံအတိုင်း ဆိတ်ငြိမ်နွေးထွေးလို့ ။ အခန်းထဲက ကျွန်တော်ကသာ ချောက်ချားဖွယ်ရာ စွန့်ပစ်အဆောက်အဦးထဲက အခုမှ အလွတ်ထွက်ပြေးလာခဲ့သလိုလိုပဲ ။

October storyWhere stories live. Discover now