Invisibility
လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ ဆက်နွယ်မှုတွေ ရှိတတ်ကြတယ်ဆိုတာ ယုံလား ။ ကျွန်တော်ကတော့ ယုံတယ် ။ ဘာလို့ဆို ကျွန်တော်နဲ့ လီလီပန်းကလေးကြားမှာ မမြင်နိုင်တဲ့ ကြိုးလေးတစ်ချောင်း ရှိနေသလို အမြဲ ခံစားနေရတာကြောင့်ပဲ ။
လူတိုင်းကို အေးစက်စက် ထီမထင်ဟန်နဲ့ ကြည့်တတ်တဲ့ လီလီပန်းကလေးဟာ အမြဲတစေ တစ်ယောက်တည်းပဲ ရှိတတ်ပေမဲ့ သူအထီးမကျန်ကြောင်း ကျွန်တော်ခံစားမိတယ် ။ သူက အထီးကျန်နေတာမဟုတ်ဘဲ သူ့ရဲ့ မျက်ဝန်းတွေက ကမ္ဘာလောကကြီးထဲ ကြာမြင့်စွာရှင်သန်လာခဲ့ရတာကြောင့် အရာအားလုံးအပေါ် ငြီးငွေ့နေတဲ့ပုံမျိုးပဲ ။ သူ့ရဲ့ အပြုအမူတွေက တစ်ခါတစ်ခါ ရှိရင်းစွဲ အသက် နှစ်ဆယ်ကျော်အရွယ်နဲ့ များစွာကွာခြားပြီး အရာရာကို သိဖူးမြင်ဖူးကြုံဖူးနေတဲ့ အေးစက်စက် အဘိုးအိုလေးနဲ့တူတယ် ။ လူတိုင်းက သူ့ကို လက်ပေါက်ကပ်တဲ့ အထက်စီးဆန်တဲ့ ခပ်ချေချေ သခင်လေးတစ်ယောက်လို့ ထင်မြင်ကြပေမဲ့ ကျွန်တော်ကတော့ သူဟာ လူသူကင်းဝေးတဲ့ ရေခဲတောင်တွေပေါ်က နှစ်ရာချီကြာ ခဲစိမ့်နေတဲ့ ရေခဲတုံးလေးလို့ မြင်မိတယ် ။
အခုလည်း ကျွန်တော့်ဆီကို ဖြတ်ခနဲ လွှင့်ပျံလာတဲ့ အေးစက်စက် အကြည့်တစ်ချက် ။ အဲဒီအကြည့်တစ်ချက်ဟာ အပေါ်ယံ အေးစက်နေပေမဲ့ အတွင်းမှာ စူးစမ်းချင်စိတ်လေး အလွှာပါးပါး ဖုံးအုပ်ထားတဲ့ ရင်ခုန်သံလေး တစ်ချက်ရှိနေခဲ့သလိုပဲ ။
ဘာကြောင့်ဆို ကျွန်တော်တို့ ကြားထဲက မမြင်ရတဲ့ ကြိုးကလေးဆီမှာ တုန်ခါမှုလေး ရှိသွားခဲ့တယ်လေ ။
#WeWriteInOctober
----------------
Invisibility
လူတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ မျမင္နိုင္တဲ့ ဆက္ႏြယ္မွုေတြ ရွိတတ္ၾကတယ္ဆိုတာ ယုံလား ။ ကၽြန္ေတာ္ကေတာ့ ယုံတယ္ ။ ဘာလို႔ဆို ကၽြန္ေတာ္နဲ႔ လီလီပန္းကေလးၾကားမွာ မျမင္နိုင္တဲ့ ႀကိဳးေလးတစ္ေခ်ာင္း ရွိေနသလို အျမဲ ခံစားေနရတာေၾကာင့္ပဲ ။
လူတိုင္းကို ေအးစက္စက္ ထီမထင္ဟန္နဲ႔ ၾကည့္တတ္တဲ့ လီလီပန္းကေလးဟာ အျမဲတေစ တစ္ေယာက္တည္းပဲ ရွိတတ္ေပမဲ့ သူအထီးမက်န္ေၾကာင္း ကၽြန္ေတာ္ခံစားမိတယ္ ။ သူက အထီးက်န္ေနတာမဟုတ္ဘဲ သူ႔ရဲ့ မ်က္ဝန္းေတြက ကမၻာေလာကႀကီးထဲ ၾကာျမင့္စြာရွင္သန္လာခဲ့ရတာေၾကာင့္ အရာအားလုံးအေပၚ ၿငီးေငြ႕ေနတဲ့ပုံမ်ိဳးပဲ ။ သူ႔ရဲ့ အျပဳအမူေတြက တစ္ခါတစ္ခါ ရွိရင္းစြဲ အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္နဲ႔ မ်ားစြာကြာျခားၿပီး အရာရာကို သိဖူးျမင္ဖူးၾကဳံဖူးေနတဲ့ ေအးစက္စက္ အဘိုးအိုေလးနဲ႔တူတယ္ ။ လူတိုင္းက သူ႔ကို လက္ေပါက္ကပ္တဲ့ အထက္စီးဆန္တဲ့ ခပ္ေခ်ေခ် သခင္ေလးတစ္ေယာက္လို႔ ထင္ျမင္ၾကေပမဲ့ ကၽြန္ေတာ္ကေတာ့ သူဟာ လူသူကင္းေဝးတဲ့ ေရခဲေတာင္ေတြေပၚက ႏွစ္ရာခ်ီၾကာ ခဲစိမ့္ေနတဲ့ ေရခဲတုံးေလးလို႔ ျမင္မိတယ္ ။
အခုလည္း ကၽြန္ေတာ့္ဆီကို ျဖတ္ခနဲ လႊင့္ပ်ံလာတဲ့ ေအးစက္စက္ အၾကည့္တစ္ခ်က္ ။ အဲဒီအၾကည့္တစ္ခ်က္ဟာ အေပၚယံ ေအးစက္ေနေပမဲ့ အတြင္းမွာ စူးစမ္းခ်င္စိတ္ေလး အလႊာပါးပါး ဖုံးအုပ္ထားတဲ့ ရင္ခုန္သံေလး တစ္ခ်က္ရွိေနခဲ့သလိုပဲ ။
ဘာေၾကာင့္ဆို ကၽြန္ေတာ္တို႔ ၾကားထဲက မျမင္ရတဲ့ ႀကိဳးကေလးဆီမွာ တုန္ခါမွုေလး ရွိသြားခဲ့တယ္ေလ ။
#WeWriteInOctober
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။