Water

103 14 0
                                    

Water

ဒီနေ့ မိုးရွာတယ် ။ ရေစက်တွေ ကောင်းကင်ပေါ်ကနေ အလုအယက်ခုန်ဆင်းနေကြတာကို ကျွန်တော်ထိုင်ငေးနေမိတယ် ။ အဲဒီရေစက်တွေက ကမ္ဘာမြေပြင်ပေါ်ကနေ အငွေ့ပျံသွားကြပြီး ငွေရည်ဖွဲ့ကာ တိမ်တွေ ပြန်ဖြစ်သွားကြမှာပဲလေ ။ နောက်ကျရင် ဒီလိုပဲ ကမ္ဘာမြေပြင်ပေါ် ထပ်ပြီး ခုန်ဆင်းလာကြဦးမှာ ။ ဒါကိုပဲ သံသရာလို့ ခေါ်နိုင်မလား ။ ကျွန်တော်တို့တတွေ အားလုံးဟာလည်း လည်ပတ်နေတဲ့ သံသရာထဲမှာ ရောပါနေခဲ့ကြတာပါပဲ ။

ကျွန်တော်တို့တတွေ ။

ဒါဆို သူကရော ။

ကျွန်တော့်အခန်းထဲက ဆွဲလက်စပန်းချီကားထဲက ကျောပြင် ။

ကျွန်တော့်အိပ်မက်တွေထဲက ကျောပြင် ။

လီလီပန်းခင်းအလယ်က ဖြူလွလွကျောပြင်ပိုင်ရှင် ။

သူနဲ့ ကျွန်တော် ဘယ်သံသရာအကွေ့မှာ ဆုံမိခဲ့ကြဖူးတာပါလိမ့် ။ ဒီဘဝမှာရော ကျွန်တော်တို့ ပြန်ဆုံနိုင်ဦးမလား ကျွန်တော် မသိဘူး ။ ဒါပေမဲ့ ကျွန်တော့်မှာ လူတွေကြားထဲ အိပ်မက်ထဲက ကျောပြင်တစ်ခုကို ရှာကြည့်နေမိတဲ့ အကျင့်တစ်ခု စွဲစွဲမြဲမြဲ ရှိလာခဲ့တယ် ။

ဒီနေ့လို ရေစက်ရေပေါက်တွေ ကောင်းကင်ကနေ မြေပြင်ပေါ် အလုအယက် ခုန်ဆင်းနေတဲ့ အချိန်မျိုးမှာတောင် ကျွန်တော်ဟာ အဲဒီကျောပြင်ကို မသိလိုက်မသိဖာသာ ရှာဖွေနေမိတုန်းပဲ ။ တိုက်အောက်မှာ မိုးစက်မိုးပေါက်တွေကြား ကသုတ်သယက် သွားလာနေကြတဲ့ လူတွေ ။ အဲဒီလူတွေထဲမှာ ရေစိုနေတဲ့ လီလီပန်းကလေးတစ်ပွင့် ။ အဲဒီတဒင်္ဂ ကျွန်တော့်ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေ ရပ်တန့်သွားခဲ့တယ် ။ ကျွန်တော်သတိရမိချိန်မှာ ပါးပေါ်မှာ စီးကျနေနှင့်ပြီဖြစ်တဲ့ မျက်ရည်တွေ ။

သံသရာဟာ လည်ပတ်တတ်တဲ့သဘောရှိတယ် ။ သံသရာ တစ်ကွေ့ကွေ့မှာ ဆုံခဲ့ကြဖူးတဲ့ ကျွန်တော့်တို့ လက်ရှိကာလမှာလည်း ပြန်ဆုံခဲ့ကြပြန်ပြီ ။

ရေစက်ရေပေါက်တွေကြားထဲမှာ လီလီပန်းခင်းထဲက ကျောပြင်ကို ကျွန်တော် ရှာတွေ့ခဲ့တယ် ။

#WeWriteInOctober

----------------

Water

ဒီေန႔ မိုးရြာတယ္ ။ ေရစက္ေတြ ေကာင္းကင္ေပၚကေန အလုအယက္ခုန္ဆင္းေနၾကတာကို ကၽြန္ေတာ္ထိုင္ေငးေနမိတယ္ ။ အဲဒီေရစက္ေတြက ကမၻာေျမျပင္ေပၚကေန အေငြ႕ပ်ံသြားၾကၿပီး ေငြရည္ဖြဲ႕ကာ တိမ္ေတြ ျပန္ျဖစ္သြားၾကမွာပဲေလ ။ ေနာက္က်ရင္ ဒီလိုပဲ ကမၻာေျမျပင္ေပၚ ထပ္ၿပီး ခုန္ဆင္းလာၾကဦးမွာ ။ ဒါကိုပဲ သံသရာလို႔ ေခၚနိုင္မလား ။ ကၽြန္ေတာ္တို႔တေတြ အားလုံးဟာလည္း လည္ပတ္ေနတဲ့ သံသရာထဲမွာ ေရာပါေနခဲ့ၾကတာပါပဲ ။

ကၽြန္ေတာ္တို႔တေတြ ။

ဒါဆို သူကေရာ ။

ကၽြန္ေတာ့္အခန္းထဲက ဆြဲလက္စပန္းခ်ီကားထဲက ေက်ာျပင္ ။

ကၽြန္ေတာ့္အိပ္မက္ေတြထဲက ေက်ာျပင္ ။

လီလီပန္းခင္းအလယ္က ျဖဴလြလြေက်ာျပင္ပိုင္ရွင္ ။

သူနဲ႔ ကၽြန္ေတာ္ ဘယ္သံသရာအေကြ႕မွာ ဆုံမိခဲ့ၾကဖူးတာပါလိမ့္ ။ ဒီဘဝမွာေရာ ကၽြန္ေတာ္တို႔ ျပန္ဆုံနိုင္ဦးမလား ကၽြန္ေတာ္ မသိဘူး ။ ဒါေပမဲ့ ကၽြန္ေတာ့္မွာ လူေတြၾကားထဲ အိပ္မက္ထဲက ေက်ာျပင္တစ္ခုကို ရွာၾကည့္ေနမိတဲ့ အက်င့္တစ္ခု စြဲစြဲျမဲျမဲ ရွိလာခဲ့တယ္ ။

ဒီေန႔လို ေရစက္ေရေပါက္ေတြ ေကာင္းကင္ကေန ေျမျပင္ေပၚ အလုအယက္ ခုန္ဆင္းေနတဲ့ အခ်ိန္မ်ိဳးမွာေတာင္ ကၽြန္ေတာ္ဟာ အဲဒီေက်ာျပင္ကို မသိလိုက္မသိဖာသာ ရွာေဖြေနမိတုန္းပဲ ။ တိုက္ေအာက္မွာ မိုးစက္မိုးေပါက္ေတြၾကား ကသုတ္သယက္ သြားလာေနၾကတဲ့ လူေတြ ။ အဲဒီလူေတြထဲမွာ ေရစိုေနတဲ့ လီလီပန္းကေလးတစ္ပြင့္ ။ အဲဒီတဒဂၤ ကၽြန္ေတာ့္ကိုယ္ထဲမွာ လွည့္ပတ္ေနတဲ့ ေသြးေတြ ရပ္တန႔္သြားခဲ့တယ္ ။ ကၽြန္ေတာ္သတိရမိခ်ိန္မွာ ပါးေပၚမွာ စီးက်ေနႏွင့္ၿပီျဖစ္တဲ့ မ်က္ရည္ေတြ ။

သံသရာဟာ လည္ပတ္တတ္တဲ့သေဘာရွိတယ္ ။ သံသရာ တစ္ေကြ႕ေကြ႕မွာ ဆုံခဲ့ၾကဖူးတဲ့ ကၽြန္ေတာ့္တို႔ လက္ရွိကာလမွာလည္း ျပန္ဆုံခဲ့ၾကျပန္ၿပီ ။

ေရစက္ေရေပါက္ေတြၾကားထဲမွာ လီလီပန္းခင္းထဲက ေက်ာျပင္ကို ကၽြန္ေတာ္ ရွာေတြ႕ခဲ့တယ္ ။

#WeWriteInOctober

October storyWhere stories live. Discover now