Fake Tears

84 14 0
                                    

Fake Tears

မိုးရွာတဲ့နေ့တွေကို ကျွန်တော်သဘောကျတယ် ။ မိုးရေထဲ အလွတ်လျှောက်သွားရတဲ့ ခံစားချက်က အတော်လေးသဘောကျစရာပဲ ။ ကျွန်တော်လိုလူမျိုးက ဒီလိုစိုစိစိုဖတ် ဖရိုဖရဲဖြစ်စရာ အနေအထားမျိုးကို ကြိုက်တတ်လို့ အံ့ဩကြမယ်ထင်တယ် ။ ဒါပေမဲ့ အရေးမစိုက်ပါဘူး ။ ပတ်ဝန်းကျင်အမြင်ဆိုတာ အရေးစိုက်စရာမှ မဟုတ်တာ ။ တကယ်တော့ ခင်ဗျားတို့ပြောတဲ့ ပတ်ဝန်းကျင်အမြင်ဆိုတာ ဘယ်လောက်များ မှန်ကန်ဖြောင့်မတ် သမာသမတ်ကျနေလို့လဲ ။ လူတွေရဲ့ ခံစားချက်တွေဆိုတာကရော ဘယ်လောက်များစစ်မှန်နေလို့လဲ ။ အခုကို ကျွန်တော့်ပတ်ဝန်းကျင်မှာ အပြုံးတုတွေ မျက်ရည်တုတွေ ဖောချင်းသောချင်းရှိနေခဲ့တာ ။ ဟောဟိုက ကော်ဖီဆိုင်ထဲမှာ ထိုင်ရင်း ငိုနေတဲ့ မိန်းကလေးကိုကြည့် ။ သူ့ပါးပြင်ပေါ်စီးကျနေတဲ့ မျက်ရည်တွေက သူ့ကိုငြင်းဆိုနေတဲ့ ကောင်လေးကို မခွဲရက်နိုင်လို့ ငိုနေခဲ့တာမဟုတ်ဘူး ။ အဲဒီကောင်လေးကို ကောင်လေးအမှန်တကယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးဆီ မပေးပစ်ရက်နိုင်လို့ အတုအယောင်ကျပြနေတဲ့ မျက်ရည်တွေပဲ ။ လမ်းတစ်ဖက်ဆီက ထီးတစ်ချောင်းအတူဆောင်းရင်း ပြုံးရွှင်နေကြတဲ့ စုံတွဲရဲ့ ရင်ထဲမှာလည်း ပူလောင်နေတဲ့ ဒေါသတွေ ရှိနေကြသေးတယ် ။ ဒီလို မစစ်မှန်တဲ့ လူတွေရှိနေတဲ့ လောကကြီးထဲမှာ ပတ်ဝန်းကျင်အမြင်ဆိုတာကို ကျွန်တော်ဂရုမစိုက်သလို ကျွန်တော့်အပေါ် ရည်ရွယ်လာတဲ့ တပါးသူရဲ့ ခံစားချက်တွေကိုလည်း ကျွန်တော် အယုံအကြည်မရှိဘူး ။

ဒါပေမဲ့......

ဒါပေမဲ့ ကျွန်တော် နောက်လှည့်ကြည့်လိုက်မိချိန် အမှတ်တမဲ့ မြင်ခဲ့ရတဲ့ ခပ်လှမ်းလှမ်း အထပ်မြင့်တိုက်ပေါ်က လူငယ်လေးရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေ...

အဲဒီမျက်ရည်တွေကတော့ အတုအယောင်ဟုတ်ပုံမရဘူးလို့ ကျွန်တော်ခံစားမိနေတယ် ။

#wewriteinoctober

----------------

Fake Tears

မိုးရြာတဲ့ေန႔ေတြကို ကၽြန္ေတာ္သေဘာက်တယ္ ။ မိုးေရထဲ အလြတ္ေလၽွာက္သြားရတဲ့ ခံစားခ်က္က အေတာ္ေလးသေဘာက်စရာပဲ ။ ကၽြန္ေတာ္လိုလူမ်ိဳးက ဒီလိုစိုစိစိုဖတ္ ဖရိုဖရဲျဖစ္စရာ အေနအထားမ်ိဳးကို ႀကိဳက္တတ္လို႔ အံ့ဩၾကမယ္ထင္တယ္ ။ ဒါေပမဲ့ အေရးမစိုက္ပါဘူး ။ ပတ္ဝန္းက်င္အျမင္ဆိုတာ အေရးစိုက္စရာမွ မဟုတ္တာ ။ တကယ္ေတာ့ ခင္ဗ်ားတို႔ေျပာတဲ့ ပတ္ဝန္းက်င္အျမင္ဆိုတာ ဘယ္ေလာက္မ်ား မွန္ကန္ေျဖာင့္မတ္ သမာသမတ္က်ေနလို႔လဲ ။ လူေတြရဲ့ ခံစားခ်က္ေတြဆိုတာကေရာ ဘယ္ေလာက္မ်ားစစ္မွန္ေနလို႔လဲ ။ အခုကို ကၽြန္ေတာ့္ပတ္ဝန္းက်င္မွာ အျပဳံးတုေတြ မ်က္ရည္တုေတြ ေဖာခ်င္းေသာခ်င္းရွိေနခဲ့တာ ။ ေဟာဟိုက ေကာ္ဖီဆိုင္ထဲမွာ ထိုင္ရင္း ငိုေနတဲ့ မိန္းကေလးကိုၾကည့္ ။ သူ႔ပါးျပင္ေပၚစီးက်ေနတဲ့ မ်က္ရည္ေတြက သူ႔ကိုျငင္းဆိုေနတဲ့ ေကာင္ေလးကို မခြဲရက္နိုင္လို႔ ငိုေနခဲ့တာမဟုတ္ဘူး ။ အဲဒီေကာင္ေလးကို ေကာင္ေလးအမွန္တကယ္ခ်စ္ျမတ္နိုးတဲ့ မိန္းကေလးဆီ မေပးပစ္ရက္နိုင္လို႔ အတုအေယာင္က်ျပေနတဲ့ မ်က္ရည္ေတြပဲ ။ လမ္းတစ္ဖက္ဆီက ထီးတစ္ေခ်ာင္းအတူေဆာင္းရင္း ျပဳံးရႊင္ေနၾကတဲ့ စုံတြဲရဲ့ ရင္ထဲမွာလည္း ပူေလာင္ေနတဲ့ ေဒါသေတြ ရွိေနၾကေသးတယ္ ။ ဒီလို မစစ္မွန္တဲ့ လူေတြရွိေနတဲ့ ေလာကႀကီးထဲမွာ ပတ္ဝန္းက်င္အျမင္ဆိုတာကို ကၽြန္ေတာ္ဂ႐ုမစိုက္သလို ကၽြန္ေတာ့္အေပၚ ရည္ရြယ္လာတဲ့ တပါးသူရဲ့ ခံစားခ်က္ေတြကိုလည္း ကၽြန္ေတာ္ အယုံအၾကည္မရွိဘူး ။

ဒါေပမဲ့......

ဒါေပမဲ့ ကၽြန္ေတာ္ ေနာက္လွည့္ၾကည့္လိုက္မိခ်ိန္ အမွတ္တမဲ့ ျမင္ခဲ့ရတဲ့ ခပ္လွမ္းလွမ္း အထပ္ျမင့္တိုက္ေပၚက လူငယ္ေလးရဲ့ ပါးျပင္ေပၚက မ်က္ရည္ေတြ...

အဲဒီမ်က္ရည္ေတြကေတာ့ အတုအေယာင္ဟုတ္ပုံမရဘူးလို႔ ကၽြန္ေတာ္ခံစားမိေနတယ္ ။

#wewriteinoctober

October storyWhere stories live. Discover now