Golden Retriever

49 9 0
                                    

Golden Retriever

တစ်နေ့မှာ အိမ်တော်ထိန်းက ကျွန်တော့်ရဲတိုက်ဆီ Golden Retriever တစ်ကောင်ခေါ်လာခဲ့တယ် ။ ရင်းနှီးလွယ်တဲ့ သူက ရဲတိုက်ထဲရောက်တာနဲ့ လူတိုင်းကို လိုက်နှုတ်ဆက်တော့တာပဲ ။ ကျွန်တော့်ကိုကလွဲလို့ပေါ့ ။ သူက ကျွန်တော့်ကို ခပ်လှမ်းလှမ်းကနေပဲ အမြဲကြည့်နေတတ်တယ် ။ ကျွန်တော် သူ့ဆီလှမ်းကြည့်လိုက်ရင် နားရွက်တွေ လှုပ်လာပြီး အမြီးက ပိုယမ်းခါလို့ ။ သူ့ပါးစပ်က ပြုံးနေသလိုပဲ ။ ဒါပေမဲ့ ကျွန်တော်သူ့ကို အေးစက်စက်ပဲ ဆက်ဆံဖြစ်ပါတယ် ။ သူကလည်း ကျွန်တော့်ကို လက်ပေါက်ကပ်တဲ့ ဆက်ဆံရခက်တဲ့ အန္တရာယ်ရှိ သတ္တဝါတစ်ကောင်လို့ သတ်မှတ်ထားသလိုပဲ ။ ခပ်လှမ်းလှမ်းကနေသာ အမြဲ လှမ်းမျှော်နေတတ်တာ ။

တကယ်တော့ သူ့ကိုမြင်ရင် လူးကပ်စ်ကို ကျွန်တော်သတိရတယ် ။ သူတို့ရဲ့ မျက်ဝန်းအကြည့်တွေက ကျွန်တော်ကို တူညီတဲ့ ခံစားချက်မျိုး ခံစားရစေတယ်လေ ။ ခင်မင်ရင်းနှီးချင်ပါတယ်လို့ တောင်းဆိုနေသလို ခံစားချက်မျိုးပေါ့ ။ ကျွန်တော်တို့ ရင်းနှီးသွားကြရင် ... အချိန်တစ်ခုရောက်လို့ ကျွန်တော်တို့ ခွဲခွာကြရတဲ့အခါ...

ကျန်ရစ်ခဲ့ရပါများတော့ ကျွန်တော် မကျန်ရစ်ခဲ့ချင်တော့တာဖြစ်မယ် ။

ကျွန်တော့်လို လူသားမဟုတ်တဲ့ ဖြစ်တည်မှုတစ်ခုအတွက် ကျန်ရစ်ခဲ့ရတဲ့ အကြိမ်တွေဟာ တကယ်မရေနိုင်တော့ဘူး ။ ကျွန်တော့်ဘဝထဲက လူတွေ ထွက်သွားကြတယ် ။ ကျွန်တော့်ကို ချန်ထားရစ်ခဲ့ကြတယ် ။ ကြာလာတော့ ကျွန်တော် ဘယ်သူ့ကိုမှ ၊ ဘယ်အရာကိုမှ ကျွန်တော့်အနီးအပါးကို ခေါ်မထားဖြစ်တော့ဘူး ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေအားလုံးကို ကျွန်တော် အကွာအဝေးတစ်ခုမှာပဲ တန်းတူဆက်ဆံဖြစ်တယ် ။ အခု ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ Golden Retriever လေးလိုပေါ့ ။

ဒါနဲ့များ ...

ဒါနဲ့များ ...ကျွန်တော် ဘာကြောင့် လူးကပ်စ်အနားကို လျှောက်သွားခဲ့မိပါလိမ့် ။ ကျွန်တော်ဘာကြောင့် အဲဒီကောင်လေးနဲ့ ကျွန်တော်တို့ကြားက အကွာအဝေးကို တစ်ရစ်ချင်း ချုံ့နေခဲ့မိပါလိမ့် ။

October storyWhere stories live. Discover now