Unexpected Visitor
မနက်ခင်းတစ်ခုမှာ အိမ်တံခါးကို ဖွင့်ဖွင့်လိုက်ချင်း မျှော်လင့်မထားတဲ့ ဧည့်သည်ကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြလား ။ တကယ်ကို စိတ်လှုပ်ရှားရလွန်းလို့ သေသွားနိုင်တယ် ။
မနက်ခင်းမှာ လီလီပန်းကလေးရဲ့ မျက်နှာက ရှုတည်တည်လေးပဲ ။ အေးစက်စက်မျက်ဝန်းတွေက တစ်စုံတစ်ရာကို စစ်ဆေးဖို့ရောက်လာခဲ့တာနဲ့တူတယ် ။ ကျွန်တော့်မှာတော့ လက်ဖဝါးတွေဟာ အေးစက်ပြီး ချွေးတွေစို့လို့ ။
"မင်း.... ဘယ်သူလဲ"
သူမေးလိုက်တဲ့ မေးခွန်းက ကျွန်တော့်ကို ဆွံ့အသွားစေပေမဲ့ မေးခွန်းထဲမှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် ခံစားမိနေတယ် ။
ကျွန်တော်က ဘယ်သူလဲ ?
ကျွန်တော်က လူးကပ်စ် ဒမ်ဆေးလေ ။ ဒါပေမဲ့ အဲဒီတဒင်္ဂမှာ ကျွန်တော်ဟာ တခြားသူ ဖြစ်နေလိမ့်မယ်လို့ ခံစားမိနေတယ် ။
"ကျွန်တော် ဘယ်သူလဲတော့ မသိဘူး ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို အိပ်မက်ခဏခဏမက်တယ် အေတီအမ်နာ"
ကျွန်တော့်အဖြေစကားကြောင့် လီလီပန်းကလေးရဲ့ မျက်ခုံးတွေပင့်သွားခဲ့တယ် ။
"အိပ်မက်ထဲမှာ ခင်ဗျားက အဖြူရောင်လီလီပန်းခင်းအလယ်မှာ ရပ်နေခဲ့တာ"
"...."
"ဒီပန်းချီကားလေးထဲကအတိုင်းပေါ့"
မမျှော်လင့်ဘဲရောက်လာခဲ့တဲ့ ဧည့်သည်ဟာ အခုတော့ ပန်းချီကားထဲက သူ့ရဲ့ ပုံရိပ်ကို မမှတ်မသုန် စိုက်ကြည့်နေတယ် ။
"ကျွန်တော်ဘယ်သူလဲဆိုတာ ခင်ဗျားသိလား အေတီအမ်နာ"
လီလီပန်းကလေးက ကျွန်တော့်ကို လှည့်ကြည့်လာတယ် ။ သူ့မျက်ဝန်းတွေက ဆွေးရိပ်သန်းလို့ ။ အဲဒီနောက် ဒေါသမီးတောက်ကလေး စွက်လာတယ် ။ နောက်တော့ ပန်းချီကားဘက်ကို ပြန်လှည့်သွားတယ် ။ နောက်တော့ အရာအားလုံးကို ပြည်ဖုံးကားချလိုက်သလိုလေသံနဲ့ ။
"မင်း ဘယ်သူလဲဆိုတာ အရေးမကြီးတော့ပါဘူး"
လီလီပန်းကလေးက အခန်းလေးထဲက သူ့ရဲ့ ပုံရိပ်တွေကို ရေးဆွဲထားခဲ့တဲ့ ပန်းချီကားတွေကို သေသေချာချာ လိုက်ကြည့်နေခဲ့တယ် ။
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။