A psychic

46 11 0
                                    

A psychic

လီလီပန်းကလေးဟာ စိတ်စွမ်းအားရှင်တစ်ယောက်များလားလို့ ကျွန်တော်သံသယဖြစ်မိတယ် ။

တကယ်ပဲသူက အလိုလိုသိနိုင်စွမ်းရှိတဲ့ စိတ်စွမ်းအားရှင် တစ်ယောက် ဖြစ်နိုင်တယ် ။ ဘာကြောင့်ဆို သူက ကျွန်တော်နောက်မှာရှိနေမှန်း လှည့်မကြည့်ဘဲ သိနိုင်တယ် ။ ကျွန်တော်တို့ အတော်လေး ခပ်ဝေးဝေးမှာ ရှိနေခဲ့ရင်တောင် ကျွန်တော်ရှိနေတဲ့ နေရာကိုသူက သိတယ် ။ တစ်နေ့က ပန်းချီပြခန်းမှာလည်း ကျွန်တော့်ရဲ့ ပန်းချီကားကို သူက သိနေခဲ့ပြန်တယ် ။ ဒါတင်ဘယ်ကဦးမလဲ သူစိတ်ဆိုးနေခဲ့ရင်လည်း သူရွှေစိတ်တော် ညိုနေကြောင်း ကျွန်တော့်ကို အိပ်မက်တွေထဲမှာ အရိပ်အမြွက်ပြသခဲ့သေးတာလေ ။ ကျွန်တော့်မှာသာ ညဉ့်နက်သန်းခေါင် အထိတ်ထိတ်အလန့်လန့်နဲ့ သူစိတ်ပြေစေဖို့ ပန်းချီတွေ ထဆွဲနေခဲ့ရတာ ။

ဟုတ်တာပေါ့ ။ အဲဒီ ရွှေအိုရောင် စိုက်ခင်းပြင် ပန်းချီကားဟာ လီလီပန်းကလေးကို ချော့မော့ဖို့ ရည်ရွယ်ရေးဆွဲထားခဲ့တဲ့ ပန်းချီကားလေးပဲ ။

အရာရာကို သိနိုင်စွမ်းတဲ့ လီလီပန်းကလေးဟာ ကျွန်တော့်ရင်ထဲက သူ့အတွက် ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတွေကိုရော သိနေနိုင်သေးလား ။ ကျွန်တော်သိချင်စမ်းမိပါရဲ့ ။

#WeWriteInOctober

--------------------

A psychic

လီလီပန္းကေလးဟာ စိတ္စြမ္းအားရွင္တစ္ေယာက္မ်ားလားလို႔ ကၽြန္ေတာ္သံသယျဖစ္မိတယ္ ။

တကယ္ပဲသူက အလိုလိုသိနိုင္စြမ္းရွိတဲ့ စိတ္စြမ္းအားရွင္ တစ္ေယာက္ ျဖစ္နိုင္တယ္ ။ ဘာေၾကာင့္ဆို သူက ကၽြန္ေတာ္ေနာက္မွာရွိေနမွန္း လွည့္မၾကည့္ဘဲ သိနိုင္တယ္ ။ ကၽြန္ေတာ္တို႔ အေတာ္ေလး ခပ္ေဝးေဝးမွာ ရွိေနခဲ့ရင္ေတာင္ ကၽြန္ေတာ္ရွိေနတဲ့ ေနရာကိုသူက သိတယ္ ။ တစ္ေန႔က ပန္းခ်ီျပခန္းမွာလည္း ကၽြန္ေတာ့္ရဲ့ ပန္းခ်ီကားကို သူက သိေနခဲ့ျပန္တယ္ ။ ဒါတင္ဘယ္ကဦးမလဲ သူစိတ္ဆိုးေနခဲ့ရင္လည္း သူေရႊစိတ္ေတာ္ ညိဳေနေၾကာင္း ကၽြန္ေတာ့္ကို အိပ္မက္ေတြထဲမွာ အရိပ္အႁမြက္ျပသခဲ့ေသးတာေလ ။ ကၽြန္ေတာ့္မွာသာ ညဉ့္နက္သန္းေခါင္ အထိတ္ထိတ္အလန႔္လန႔္နဲ႔ သူစိတ္ေျပေစဖို႔ ပန္းခ်ီေတြ ထဆြဲေနခဲ့ရတာ ။

ဟုတ္တာေပါ့ ။ အဲဒီ ေရႊအိုေရာင္ စိုက္ခင္းျပင္ ပန္းခ်ီကားဟာ လီလီပန္းကေလးကို ေခ်ာ့ေမာ့ဖို႔ ရည္ရြယ္ေရးဆြဲထားခဲ့တဲ့ ပန္းခ်ီကားေလးပဲ ။

အရာရာကို သိနိုင္စြမ္းတဲ့ လီလီပန္းကေလးဟာ ကၽြန္ေတာ့္ရင္ထဲက သူ႔အတြက္ ေပါက္ဖြားလာတဲ့ ခ်စ္ျခင္းေမတၱာေတြကိုေရာ သိေနနိုင္ေသးလား ။ ကၽြန္ေတာ္သိခ်င္စမ္းမိပါရဲ့ ။

#WeWriteInOctober

October storyWhere stories live. Discover now