Endless Rain
အိမ်အပြင်မှာ မိုးက အတောမသတ်နိုင်စွာ ရွာကျနေတယ် ။
ကျွန်တော့်ရင်ထဲမှာလည်း အလွမ်းတချို့က တနင့်တပိုး ရွာကျလို့ ။ လီလီပန်းကလေးရဲ့ နှုတ်ခမ်းပါးတွေကို သိမ်းပိုက်မိတဲ့ တစ်ခဏ ကျွန်တော်ဟာ ဘယ်လောက်တောင် မွတ်သိပ်တောင့်တနေခဲ့မိမှန်း သိလာရတယ် ။ လီလီပန်းကလေးရဲ့ နှုတ်ခမ်းများကို ပြန်မလွှတ်ပေးချင်လောက်အောင် အနမ်းမိုးတွေ မရပ်မစဲ ရွာချပစ်လိုက်ချင်ပေမဲ့ ပန်းဖြူဖြူလေးတစ်ပွင့် ထိခိုက်သွားမှာ စိုးမိသလိုစိတ်နဲ့ ကျွန်တော့်ရဲ့ ဆန္ဒတွေကို ပြန်ထိန်းချုပ်လိုက်မိတယ် ။
ဒါတွေဟာ ဘာကြောင့်ပါလဲ ။
တကယ်တော့ လီလီပန်းကလေးဟာ ပန်းဖြူလေးတစ်ပွင့်လို ထိလွယ်ရှလွယ်လေးမှ မဟုတ်တာ ။
သူက နှစ်ရာချီ ခဲစိမ့်နေခဲ့တဲ့ ရေခဲတုံးလေးတစ်တုံးလို မာကျောအေးစက်တယ်လေ ။
ကျွန်တော်စိတ်တွေကို ထိန်းချုပ်ရင်း သူ့ဆီက ခွာမိတော့ လီလီပန်းကလေးက မျက်ခုံးလေး တစ်ဖက်ပင့်ရင်း စိုက်ကြည့်နေတယ် ။
ကျွန်တော် မတတ်နိုင်ဘူး ။ ကျွန်တော့်မှာ ခံစားချက်တွေ ရှုပ်ထွေးလာသလိုနဲ့ ၊ ကျွန်တော့်မှာ အပြစ်တစ်ခုခု ရှိနေသလို ခံစားချက်တွေနဲ့ ၊ ကျွန်တော့်မှာ နှစ်ပေါင်းများစွာ လွမ်းဆွတ်ခဲ့ရသလိုနဲ့ ၊ ကျွန်တော့်မှာ မောဟိုက်နေခဲ့ရတယ် ။
ကျွန်တော်မတတ်နိုင်ဘူး ။ ကျွန်တော့်မျက်စိရှေ့က လီလီပန်းကလေးကို သိမ်းကျုံးပွေ့ဖက်လိုက်ပြီး မျက်ရည်တွေ အတောမသတ်အောင် ကျလာမိတော့တယ် ။
" အေတီအမ်နာ... ဘာလို့မှန်းမသိဘူး ကျွန်တော် အရမ်းငိုချင်နေတယ်... ကျွန်တော်... ကျွန်တော် ခင်ဗျားကို လွမ်းနေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့သလိုပဲ.. ကျွန်တော်..."
ကျွန်တော့်ရင်ခွင်ထဲမှာ လီလီပန်းကလေးဟာ ခပ်တောင့်တောင့်လေးပဲ ။ သူက ကျွန်တော့်ခေါင်းကို ကလေးတစ်ယောက်ကို ချော့မြူသလို ခပ်ဖွဖွ ပုတ်ပေးနေတယ် ။
အိမ်အပြင်မှာ မိုးတွေက အတော်မသတ်နိုင်အောင် ရွာကျနေတုန်း လီလီပန်းကလေးရဲ့ စကားသံ ခပ်သဲ့သဲ့ကို ကျွန်တော့်နားထဲမှာ ကြားလိုက်ရတယ် ။
" မင်းက နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ပြန်ရောက်လာခဲ့တာမလို့လေ" တဲ့ ။
#WeWriteInOctober
------------------------
Endless Rain
အိမ္အျပင္မွာ မိုးက အေတာမသတ္နိုင္စြာ ရြာက်ေနတယ္ ။
ကၽြန္ေတာ့္ရင္ထဲမွာလည္း အလြမ္းတခ်ိဳ႕က တနင့္တပိုး ရြာက်လို႔ ။ လီလီပန္းကေလးရဲ့ ႏွုတ္ခမ္းပါးေတြကို သိမ္းပိုက္မိတဲ့ တစ္ခဏ ကၽြန္ေတာ္ဟာ ဘယ္ေလာက္ေတာင္ မြတ္သိပ္ေတာင့္တေနခဲ့မိမွန္း သိလာရတယ္ ။ လီလီပန္းကေလးရဲ့ ႏွုတ္ခမ္းမ်ားကို ျပန္မလႊတ္ေပးခ်င္ေလာက္ေအာင္ အနမ္းမိုးေတြ မရပ္မစဲ ရြာခ်ပစ္လိုက္ခ်င္ေပမဲ့ ပန္းျဖဴျဖဴေလးတစ္ပြင့္ ထိခိုက္သြားမွာ စိုးမိသလိုစိတ္နဲ႔ ကၽြန္ေတာ့္ရဲ့ ဆႏၵေတြကို ျပန္ထိန္းခ်ဳပ္လိုက္မိတယ္ ။
ဒါေတြဟာ ဘာေၾကာင့္ပါလဲ ။
တကယ္ေတာ့ လီလီပန္းကေလးဟာ ပန္းျဖဴေလးတစ္ပြင့္လို ထိလြယ္ရွလြယ္ေလးမွ မဟုတ္တာ ။
သူက ႏွစ္ရာခ်ီ ခဲစိမ့္ေနခဲ့တဲ့ ေရခဲတုံးေလးတစ္တုံးလို မာေက်ာေအးစက္တယ္ေလ ။
ကၽြန္ေတာ္စိတ္ေတြကို ထိန္းခ်ဳပ္ရင္း သူ႔ဆီက ခြာမိေတာ့ လီလီပန္းကေလးက မ်က္ခုံးေလး တစ္ဖက္ပင့္ရင္း စိုက္ၾကည့္ေနတယ္ ။
ကၽြန္ေတာ္ မတတ္နိုင္ဘူး ။ ကၽြန္ေတာ့္မွာ ခံစားခ်က္ေတြ ရွုပ္ေထြးလာသလိုနဲ႔ ၊ ကၽြန္ေတာ့္မွာ အျပစ္တစ္ခုခု ရွိေနသလို ခံစားခ်က္ေတြနဲ႔ ၊ ကၽြန္ေတာ့္မွာ ႏွစ္ေပါင္းမ်ားစြာ လြမ္းဆြတ္ခဲ့ရသလိုနဲ႔ ၊ ကၽြန္ေတာ့္မွာ ေမာဟိုက္ေနခဲ့ရတယ္ ။
ကၽြန္ေတာ္မတတ္နိုင္ဘူး ။ ကၽြန္ေတာ့္မ်က္စိေရွ႕က လီလီပန္းကေလးကို သိမ္းက်ဳံးေပြ႕ဖက္လိုက္ၿပီး မ်က္ရည္ေတြ အေတာမသတ္ေအာင္ က်လာမိေတာ့တယ္ ။
" ေအတီအမ္နာ... ဘာလို႔မွန္းမသိဘူး ကၽြန္ေတာ္ အရမ္းငိုခ်င္ေနတယ္... ကၽြန္ေတာ္... ကၽြန္ေတာ္ ခင္ဗ်ားကို လြမ္းေနခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနခဲ့သလိုပဲ.. ကၽြန္ေတာ္..."
ကၽြန္ေတာ့္ရင္ခြင္ထဲမွာ လီလီပန္းကေလးဟာ ခပ္ေတာင့္ေတာင့္ေလးပဲ ။ သူက ကၽြန္ေတာ့္ေခါင္းကို ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴသလို ခပ္ဖြဖြ ပုတ္ေပးေနတယ္ ။
အိမ္အျပင္မွာ မိုးေတြက အေတာ္မသတ္နိုင္ေအာင္ ရြာက်ေနတုန္း လီလီပန္းကေလးရဲ့ စကားသံ ခပ္သဲ့သဲ့ကို ကၽြန္ေတာ့္နားထဲမွာ ၾကားလိုက္ရတယ္ ။
" မင္းက ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီးမွ ျပန္ေရာက္လာခဲ့တာမလို႔ေလ" တဲ့ ။
#WeWriteInOctober
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။